Feeling 13
လွန်ခဲ့တဲ့ ၃ နှစ်ကျော်က
မိုးတွေသည်းခဲ့တယ်ချစ်သူ။
ထီးတစ်ချောင်းအောက်မှာ
မိုးမလုံပေမယ့်
ငါတို့ နှစ်ယောက်
အနာဂတ် မျှော်လင့်ချက်တွေအတွက်
ကြည်ကြည်နူးနူး စကားတွေပြောဖြစ်ခဲ့ကြတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကလို
မိုးတွေသည်းနေတယ်ချစ်သူ။
မိုးလုံလေလုံ ကားတစ်စီးထဲမှာ
ငါတို့ နှစ်ယောက်
တိတ်
ဆိတ်
နေ
ခဲ့
ကြ
တယ်။
NOe
0 comments:
Post a Comment