နိုးဘ၀တစ္ေလွ်ာက္လံုးမွာ မိဘကို ပူဆာခဲ႕တာ လက္ခ်ိဳးေရလို႕ရတယ္။
အဲ႕ဒီထဲမွာ မွတ္မွတ္ရရကေတာ႕
ဇာတိရခိုင္ကေန ရန္ကုုန္ေရာက္ေရာက္ခ်င္း အသက္ (၂) ႏွစ္ခြဲအရြယ္မွာ ေက်ာင္းတက္ခ်င္လို႕ပူဆာခဲ႕ဖူးတာပဲ။
အေမက စိတ္မခ်လို႕
"ငယ္ေသးတယ္"။
"ဗမာစကားမတတ္ဘဲေက်ာင္းတက္လို႕မရဘူး။"
"နုိ႕ဗူး မၿပတ္ေသးဘဲ ေက်ာင္းတက္လို႕မရဘူး။"
စသၿဖင္႕စသၿဖင္႕ အေၾကာင္းၿပခ်က္မ်ိဳးစံုေပးလည္း "ေက်ာင္းတက္ခ်င္တယ္"ပဲ။
ဦးေလးေတြက
"ေက်ာင္းမတက္ပါနဲ႕ဦး အရုပ္ေတြ၀ယ္ေပးမယ္ / မုန္႔ေတြ၀ယ္ေပးမယ္"လို႕
မက္လံုးေတြေပးလည္း "ေက်ာင္းတက္ခ်င္တယ္"ပဲ။
မရမက ပူဆာလြန္းလို႕ အေမက နိုးကို တစ္ပတ္အတြင္း ဗမာစကားတတ္ေအာင္သင္ၿပီး မူၾကိဳပို႕ရပါေလေရာ။
အခုခ်ိန္ထိ မွတ္မိေနေသးတယ္။
မိုင္လို အၿပည္႔ေဖ်ာ္ထည္႔လာတဲ႕ ဓါတ္ဗူးတစ္လံုးနဲ႕ နို႕ဗူးတစ္ဗူး။
(ထမင္းစားၿပီးနဲ႕ ေန႔လည္းအိပ္ယာကနိုးရင္ စို႕ဖို႕)
ထမင္းဗူးအၿပာၾကီး။ (အဲ႕ထမင္းဗူးကေရဗူးအနီးၾကီးနဲ႕ တစ္ဆက္ထဲဗ်။)
ထမင္းဗူးထဲမွာ ကန္စြန္းရြက္ေၾကာ္နဲ႕ ၾကက္ဥေၾကာ္ပါတယ္။
မုန္႕ဗူးတစ္ဗူး။ (ဘာပါလဲေတာ႕ မမွတ္မိေတာ႕ပါ)
အက်ီၤ အပိုတစ္စံု ( ညေနေရခ်ိဳးၿပီးရင္ ၀တ္ဖို႕)။
ၿပီးေတာ႕ ေက်ာပိုးအိတ္တစ္လံုး။
ေၿမာက္ၾကြ ေၿမာက္ၾကြနဲ႕မူၾကိဳသြားတက္တာေလ။
ေၿမၾကီးနဲ႕ ေၿခေထာက္နဲ႕မထိဘူး။
ေက်ာင္းတတ္ရတာ ဘယ္ေလာက္ေပ်ာ္ေနလဲဆိုရင္
အေမၿပန္ခါနီး တာ႕တာ ၿပတာေတာင္ လွည္႔မၾကည္႔လို႕
ဆရာမတစ္ေယာက္က သတိလာေပးရတယ္။
ေကာင္းတဲ႕ဖက္ကေတြးရင္ေတာ႕ "ေက်ာင္းေပ်ာ္ေလး"ေပါ႕။
အမွန္ေတာ႕ ကိုယ္ေတြက အဲ႕အရြယ္ကတည္းက အိမ္မကပ္ခ်င္တဲ႕ေကာင္။
ဘာရယ္မဟုတ္ပါဘူး
Inside Out ၾကည္႔ၿပီး Core Memory ေတြ ၿပန္ေခၚၾကည္႔တာ။
#NOe
နိုးဘဝတစ်လျှောက်လုံးမှာ မိဘကို ပူဆာခဲ့တာ လက်ချိုးရေလို့ရတယ်။
အဲ့ဒီထဲမှာ မှတ်မှတ်ရရကတော့
ဇာတိရခိုင်ကနေ ရန်ကုုန်ရောက်ရောက်ချင်း အသက် (၂) နှစ်ခွဲအရွယ်မှာ ကျောင်းတက်ချင်လို့ပူဆာခဲ့ဖူးတာပဲ။
အမေက စိတ်မချလို့
"ငယ်သေးတယ်"။
"ဗမာစကားမတတ်ဘဲကျောင်းတက်လို့မရဘူး။"
"နို့ဗူး မပြတ်သေးဘဲ ကျောင်းတက်လို့မရဘူး။"
စသဖြင့်စသဖြင့် အကြောင်းပြချက်မျိုးစုံပေးလည်း "ကျောင်းတက်ချင်တယ်"ပဲ။
ဦးလေးတွေက
"ကျောင်းမတက်ပါနဲ့ဦး အရုပ်တွေဝယ်ပေးမယ် / မုန့်တွေဝယ်ပေးမယ်"လို့
မက်လုံးတွေပေးလည်း "ကျောင်းတက်ချင်တယ်"ပဲ။
မရမက ပူဆာလွန်းလို့ အမေက နိုးကို တစ်ပတ်အတွင်း ဗမာစကားတတ်အောင်သင်ပြီး မူကြိုပို့ရပါလေရော။
အခုချိန်ထိ မှတ်မိနေသေးတယ်။
မိုင်လို အပြည့်ဖျော်ထည့်လာတဲ့ ဓါတ်ဗူးတစ်လုံးနဲ့ နို့ဗူးတစ်ဗူး။
(ထမင်းစားပြီးနဲ့ နေ့လည်းအိပ်ယာကနိုးရင် စို့ဖို့)
ထမင်းဗူးအပြာကြီး။ (အဲ့ထမင်းဗူးကရေဗူးအနီးကြီးနဲ့ တစ်ဆက်ထဲဗျ။)
ထမင်းဗူးထဲမှာ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥကြော်ပါတယ်။
မုန့်ဗူးတစ်ဗူး။ (ဘာပါလဲတော့ မမှတ်မိတော့ပါ)
အကျီင်္ အပိုတစ်စုံ ( ညနေရေချိုးပြီးရင် ၀တ်ဖို့)။
ပြီးတော့ ကျောပိုးအိတ်တစ်လုံး။
မြောက်ကြွ မြောက်ကြွနဲ့မူကြိုသွားတက်တာလေ။
မြေကြီးနဲ့ ခြေထောက်နဲ့မထိဘူး။
ကျောင်းတတ်ရတာ ဘယ်လောက်ပျော်နေလဲဆိုရင်
အမေပြန်ခါနီး တာ့တာ ပြတာတောင် လှည့်မကြည့်လို့
ဆရာမတစ်ယောက်က သတိလာပေးရတယ်။
ကောင်းတဲ့ဖက်ကတွေးရင်တော့ "ကျောင်းပျော်လေး"ပေါ့။
အမှန်တော့ ကိုယ်တွေက အဲ့အရွယ်ကတည်းက အိမ်မကပ်ချင်တဲ့ကောင်။
ဘာရယ်မဟုတ်ပါဘူး
Inside Out ကြည့်ပြီး Core Memory တွေ ပြန်ခေါ်ကြည့်တာ။
#NOe
CONVERSATION
Subscribe to:
Post Comments
(
Atom
)
About me
Popular Posts
-
"သိုးကေလ ပုပၸားနတ္ေတာင္ အေခါင္ၿမင္႕ဖ်ား စံုေတာၿပား၌ နံရွားၾကိဳင္လြင္႕ ခါတန္ပြင္႔သည္ ေရႊႏွင္႕ယိုးမွား ပန္းစံကား" ဒီကဗ်ာေလ...
-
<Zawgyi> ၁၀ တန္းေအာင္ခါစက သၾကၤန္မွာ မဏၭပ္ထိုင္ရဖို႕ အေရး ေငြမၿပည္႕မွာေတြးပူလို႕ ေႏြမတိုင္ခင္ကတည္းက ရင္တမမနဲ႕ ၾကိဳးစားစုေဆာင္းေနရၿပီ...
-
နိုး အသက္ (၁၃) ႏွစ္ (၈တန္းေက်ာင္းသူအရြယ္) မွာ ကိုယ္ပိုင္ဆံုးၿဖတ္ခ်က္နဲ႕ ေရြးခ်ယ္ရမယ္႕ ကိစၥတစ္ခုၾကံဳခဲ႕ရပါတယ္။ တစ္ခုက တပ္မေတာ္ေန႔ အထိမ္းအမွ...
0 comments:
Post a Comment