VIP ၿဖစ္ဖို႕ ကြ်န္ေတာ္ၾကိဳးစားမည္/VIP ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်။

<Zawgyi>
၁၀ တန္းေအာင္ခါစက သၾကၤန္မွာ မဏၭပ္ထိုင္ရဖို႕ အေရး
ေငြမၿပည္႕မွာေတြးပူလို႕ ေႏြမတိုင္ခင္ကတည္းက
ရင္တမမနဲ႕ ၾကိဳးစားစုေဆာင္းေနရၿပီ။

ေစ်းလည္းသက္သာရမယ္ ၊ မိုက္လည္းမိုက္ရမယ္ ၊
အထာလည္းက်ရမယ္ဆိုတဲ႕ ကိုယ္တိုင္ၿပဌာန္းဥပေဒသေတြေၾကာင္႕
မဏၭပ္ လက္မွတ္ေလးတစ္ေစာင္ရဖုိ႕အတြက္
ဖုန္းေဘေတြလည္းကုန္လို႕
အရပ္ေလးပါးကသတင္း နားေတြလည္းစြင္႕လို႕
 ေစ်းေလးေတြဆစ္လို႕ ။

သၾကၤန္ရက္အသံုးစရိတ္ေလးလည္းက်န္ခ်င္ရတာနဲ႕
အဝတ္အစားေလးလည္း လန္းခ်င္ရတာနဲ႕
လက္ထဲရွိတဲ႕ေငြေလးေတြကို Calculator ေလးနဲ႕
အေခါက္ေခါက္အခါခါ ေပသီးေတြေခါက္ရင္း
ေခါင္းေတြကိုက္ မ်က္စိေတြစပ္ရလြန္းလို႕
သၾကၤန္မက်ခင္ကတည္းက ကိုယ္ေတြဟာ မူးႏွင္႕ေနၿပီးသားေလ။

 ၁၆ / ၁၇/ ၁၈ ႏွစ္သား ငနိုးဟာ
မဏၭပ္လက္မွတ္အတြက္စိတ္မပူရေအာင္
Organizer ေတြနဲ႕ အရမ္းရင္းႏွီးခ်င္ခဲ႕ဖူးတယ္။

VIP Area ထဲကေန
ရိုးရိုးလက္မွတ္ဆြဲထားတဲ႕ သူေတြကို
(ဘာရယ္မဟုတ္ဘူး)ခပ္ေခ်ေခ်ၾကည္႕ဖူးခ်င္ခဲ႕မိတယ္။

အခုမ်ားေတာ႕လည္း
ခင္မင္ေလးစားရပါေသာ
ေဘာ္ဒါ မဏၭပ္ Organizer ၾကီးမ်ားက
ေစတနာ ေမတၱာအၿပည္႕နဲ႕ မစၾကတဲ႕
VIP လက္မွတ္ေတြၾကား
ဘယ္မဏၭပ္မွ မထိုင္ၿဖစ္တာ ၄ / ၅ ႏွစ္ေတာင္ရွိၿပီေပါ႔ဗ်ာ။

တစ္ခါတစ္ေလက်ရင္
တစ္ခ်ိဳ႕အရာေတြကို
လိုခ်င္လြန္းလို႕ၾကိဳးစားမိတာပဲ။
ဒါေပမယ္႕
တကယ္တမ္းရလာတဲ႕အခ်ိန္က်ေတာ႕
ကိုယ္ထင္ထားသလို ၿဖစ္မေနဘူးဗ်။
ကိုယ္႕အသက္အရြယ္ၾကီးသြားတာ
အၿမင္ေတြေၿပာင္းသြားတာ
အေတြးအေခၚေတြမတူေတာ႕တာ စတဲ႕
အေၿခအေနအရပ္ရပ္ေတြေၾကာင္႕လဲၿဖစ္မွာေပါ႔။

ေနာက္ပိုင္းေတြ
အသက္ေတြအရမ္းၾကီးလာရင္  အခြင္႕အေရးမရွိေတာ႕မွာစိုးလို႕
ဒီႏွစ္ေတာ႕ မဏၭပ္ တစ္ခုခု သြားမယ္လို႕ဆံုးၿဖတ္ထားတယ္။
(မႏွစ္ကလည္းဒီလိုပဲ ဆံုးၿဖတ္ခဲ႕တာပါပဲ။)


<Unicode>
၁၀ တန်းအောင်ခါစက သင်္ကြန်မှာ မဏ္ဌပ်ထိုင်ရဖို့ အရေး
ငွေမပြည့်မှာတွေးပူလို့ နွေမတိုင်ခင်ကတည်းက
ရင်တမမနဲ့ ကြိုးစားစုဆောင်းနေရပြီ။

စျေးလည်းသက်သာရမယ် ၊ မိုက်လည်းမိုက်ရမယ် ၊
အထာလည်းကျရမယ်ဆိုတဲ့ ကိုယ်တိုင်ပြဌာန်းဥပဒေသတွေကြောင့်
မဏ္ဌပ် လက်မှတ်လေးတစ်စောင်ရဖို့အတွက်
ဖုန်းဘေတွေလည်းကုန်လို့
အရပ်လေးပါးကသတင်း နားတွေလည်းစွင့်လို့
 စျေးလေးတွေဆစ်လို့ ။

သင်္ကြန်ရက်အသုံးစရိတ်လေးလည်းကျန်ချင်ရတာနဲ့
အဝတ်အစားလေးလည်း လန်းချင်ရတာနဲ့
လက်ထဲရှိတဲ့ငွေလေးတွေကို Calculator လေးနဲ့
အခေါက်ခေါက်အခါခါ ပေသီးတွေခေါက်ရင်း
ခေါင်းတွေကိုက် မျက်စိတွေစပ်ရလွန်းလို့
သင်္ကြန်မကျခင်ကတည်းက ကိုယ်တွေဟာ မူးနှင့်နေပြီးသားလေ။

 ၁၆ / ၁၇/ ၁၈ နှစ်သား ငနိုးဟာ
မဏ္ဌပ်လက်မှတ်အတွက်စိတ်မပူရအောင်
Organizer တွေနဲ့ အရမ်းရင်းနှီးချင်ခဲ့ဖူးတယ်။

VIP Area ထဲကနေ
ရိုးရိုးလက်မှတ်ဆွဲထားတဲ့ သူတွေကို
(ဘာရယ်မဟုတ်ဘူး)ခပ်ချေချေကြည့်ဖူးချင်ခဲ့မိတယ်။

အခုများတော့လည်း
ခင်မင်လေးစားရပါသော
ဘော်ဒါ မဏ္ဌပ် Organizer ကြီးများက
စေတနာ မေတ္တာအပြည့်နဲ့ မစကြတဲ့
VIP လက်မှတ်တွေကြား
ဘယ်မဏ္ဌပ်မှ မထိုင်ဖြစ်တာ ၄ / ၅ နှစ်တောင်ရှိပြီပေါ့ဗျာ။

တစ်ခါတစ်လေကျရင်
တစ်ချို့အရာတွေကို
လိုချင်လွန်းလို့ကြိုးစားမိတာပဲ။
ဒါပေမယ့်
တကယ်တမ်းရလာတဲ့အချိန်ကျတော့
ကိုယ်ထင်ထားသလို ဖြစ်မနေဘူးဗျ။
ကိုယ့်အသက်အရွယ်ကြီးသွားတာ
အမြင်တွေပြောင်းသွားတာ
အတွေးအခေါ်တွေမတူတော့တာ စတဲ့
အခြေအနေအရပ်ရပ်တွေကြောင့်လဲဖြစ်မှာပေါ့။

နောက်ပိုင်းတွေ
အသက်တွေအရမ်းကြီးလာရင်  အခွင့်အရေးမရှိတော့မှာစိုးလို့
ဒီနှစ်တော့ မဏ္ဌပ် တစ်ခုခု သွားမယ်လို့ဆုံးဖြတ်ထားတယ်။
(မနှစ်ကလည်းဒီလိုပဲ ဆုံးဖြတ်ခဲ့တာပါပဲ။)

#NOe

CONVERSATION

0 comments:

Post a Comment

Back
to top