ပုပၸားနတ္ေတာင္
အေခါင္ၿမင္႕ဖ်ား
စံုေတာၿပား၌
နံရွားၾကိဳင္လြင္႕
ခါတန္ပြင္႔သည္
ေရႊႏွင္႕ယိုးမွား ပန္းစံကား"
ဒီကဗ်ာေလးကို စစဖတ္ခ်င္း
"ဒီမိန္းမပ်ိဳေလးနွယ္
အေကာင္းမၾကိဳက္ရွာဘုူးကိုဆုိၿပီးေတာ႕"
မဲ႕ၿပံဳးေလးၿပံဳးမိပါရဲ႕။
ေအာက္ဆံုးပိုဒ္မွာေရးထားတာကိုး
"သိုးကေလ၊ ၊
မ်က္သုတ္နီစင္၊
ရထည္းဖ်င္ႏွင့္၊
က်ိဳင္းစင္ၿမ၀ါ၊
မတ္ၾကီးလ်ာကို၊ ၊
မယ္သာၾကိဳက္မိတုမရိွ။ ။"ဆိုၿပီးေလ။
ကဗ်ာပါ မိန္းမပ်ိဳေလး
ခ်စ္ခင္စုံမက္မိတဲ႕ သတို႕သားေလာင္းက
(သူ႕ေခတ္သူ႕အခါမွာ) " မတ္ၾကီးလ်ာ " ဆိုေတာ႕
ေတြးသာၾကည္႕ေပေတာ႕ ေလ။
ဒါေပမယ္႕
ကဗ်ာကို ေသေသခ်ာခ်ာနားလည္ေအာင္ ဖတ္မိေတာ႕မွ
သေဘာက်လြန္းလို႕ ၿပန္ၿပံဳးရၿပန္ေရာ။
မိန္းမပ်ိဳေလး ကိုယ္တိုင္ကိုက
"စံကားပြင့္ႏွင့္၊ ႏွိဳင္းတင့္ႏိုးသည္၊
ရဲမ်ိဳးသမီး၊ ေမာင္ၾကီးႏွမ၊ ညက္လွၿပာစင္။"ေလးၿဖစ္ေနၿပန္တာကိုး။
"ၿမိတ္လြတ္စုလည္း၊ အငယ္တည္းက၊ ကၽြမ္း၀င္ၾကသည္" လို႔လည္းဆိုထားၿပန္ေတာ႕
ငယ္ကခ်စ္တဲ႕ အႏွစ္တစ္ရာေလးေတြေလ။
"မယ့္သည္ပင္" က "ခရီးသား"ၿဖစ္ေနေပမယ္႕
မိန္းမပ်ိဳေလးကေတာ႕ " ခ်စ္ၿခင္းစုရံုး၊ သက္ထက္ဆံုးသည္၊ ၊ ႏွလံုးမၿခားေစာင့္တရား"ဆိုတဲ႕ အတိုင္း
"ခ်စ္ရသူကလြဲ ၊ ဖြဲ ဆန္ ကြဲ" လို႕ မွတ္ယူထားသူေလ။
ႏွိဳင္းမယ္ဆိုလည္းႏွိဳင္းေကာင္းပါရဲ႕ေလ။
ကဗ်ာထဲက မိန္းမပ်ိဳေလးဟာ တကယ္ကို
"စံကားပြင့္ႏွင့္၊ ႏွိဳင္းတင့္ႏိုး"ရေလာက္ေအာင္ကုိ
ႏွစ္လိုဖြယ္ေကာင္းလွပါတယ္။
ဒီကဗ်ာေလးသင္တုန္းက ဆရာ ဆံုးမခဲ႕တဲ႕စကားေလးက
ဘ၀အတြက္ အေရးပါတဲ႕ အသိတရားေလးတစ္ခုၿဖစ္ခဲ႕ပါတယ္။
"မိန္းကေလးေတြ က်ိဳင္းစင္ၿမ၀ါ မတ္ၾကီးလ်ာကိုမွလက္တြဲခ်င္တယ္ဆို
ကိုယ္တိုင္ကလည္း စံကားပြင္႕ႏွင္႕ႏွိုင္းတင္႕နိုးရေလာက္တဲ႕ ရဲမ်ိဳးသမီး ၊ ညက္လွၿပာစင္ေလးၿဖစ္ေနမွ။
ေယာက်ာ္းေလးေတြလည္း ရဲမ်ိဳးသမီး ၊ ညက္လွၿပာစင္ေလး ကိုလိုခ်င္တယ္ဆို
က်ိဳင္းစင္ၿမ၀ါ မတ္ၾကီးလ်ာ ၿဖစ္ေအာင္ၾကိဳးစားၾက "တဲ႕။
ဒီကဗ်ာေလးရဲ႕ အဓိက Themes ေလးက ဒါပါပဲ။
ႏွစ္ေတြရာနဲ႕ခ်ီေနတာေတာင္
အခုခ်ိန္ထိ ေခတ္မီေနဆဲၿဖစ္တဲ႕
အေတြးအေခၚေတြနဲ႕ ေရးဖြဲ႕နိုင္ခဲ႕တဲ႕
ပုဂံေခတ္ကေလးစားဖြယ္ရာ
ကဗ်ာရွင္ စာဆို ခမ်ာမွာေတာ႕
"အမည္မသိ" စာရင္း၀င္သြားရရွာတာေတာ႕
စိတ္မေကာင္းၿဖစ္မိပါတယ္။
ဘာပဲၿဖစ္ၿဖစ္ပါ။
သားေကာင္းရတနာေတြလည္း "က်ဳိင္းစင္ၿမ၀ါ မတ္ၾကီးလ်ာ"ေတြၿဖစ္ၾကပါေစ။
သမီးေကာင္းရတနာေတြလည္း "စံကားပြင္႕နွင္႕ ႏွိဳင္းတင္႕နိုး"နိုင္ၾကပါေစ။
ေတာင္ေရႊပုပၸားမွာလည္း " ေရႊနဲ႕ယိုးမွားပန္းစံကား "တြ "နံရွားၾကိဳင္လြင္႕ ၊ ခါတန္ပြင္႔" ပါေစ။
#NOe
"သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား
စုံတောပြား၌
နံရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစံကား"
ဒီကဗျာလေးကို စစဖတ်ချင်း
"ဒီမိန်းမပျိုလေးနှယ်
အကောင်းမကြိုက်ရှာဘုူးကိုဆိုပြီးတော့"
မဲ့ပြုံးလေးပြံုးမိပါရဲ့။
အောက်ဆုံးပိုဒ်မှာရေးထားတာကိုး
"သိုးကလေ၊ ၊
မျက်သုတ်နီစင်၊
ရထည်းဖျင်နှင့်၊
ကျိုင်းစင်မြဝါ၊
မတ်ကြီးလျာကို၊ ၊
မယ်သာကြိုက်မိတုမရှိ။ ။"ဆိုပြီးလေ။
ကဗျာပါ မိန်းမပျိုလေး
ချစ်ခင်စုံမက်မိတဲ့ သတို့သားလောင်းက
(သူ့ခေတ်သူ့အခါမှာ) " မတ်ကြီးလျာ " ဆိုတော့
တွေးသာကြည့်ပေတော့ လေ။
ဒါပေမယ့်
ကဗျာကို သေသေချာချာနားလည်အောင် ဖတ်မိတော့မှ
သဘောကျလွန်းလို့ ပြန်ပြံုးရပြန်ရော။
မိန်းမပျိုလေး ကိုယ်တိုင်ကိုက
"စံကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်၊
ရဲမျိုးသမီး၊ မောင်ကြီးနှမ၊ ညက်လှပြာစင်။"လေးဖြစ်နေပြန်တာကိုး။
"မြိတ်လွတ်စုလည်း၊ အငယ်တည်းက၊ ကျွမ်းဝင်ကြသည်" လို့လည်းဆိုထားပြန်တော့
ငယ်ကချစ်တဲ့ အနှစ်တစ်ရာလေးတွေလေ။
"မယ့်သည်ပင်" က "ခရီးသား"ဖြစ်နေပေမယ့်
မိန်းမပျိုလေးကတော့ " ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ ၊ နှလုံးမခြားစောင့်တရား"ဆိုတဲ့ အတိုင်း
"ချစ်ရသူကလွဲ ၊ ဖွဲ ဆန် ကွဲ" လို့ မှတ်ယူထားသူလေ။
နှိုင်းမယ်ဆိုလည်းနှိုင်းကောင်းပါရဲ့လေ။
ကဗျာထဲက မိန်းမပျိုလေးဟာ တကယ်ကို
"စံကားပွင့်နှင့်၊ နှိုင်းတင့်နိုး"ရလောက်အောင်ကို
နှစ်လိုဖွယ်ကောင်းလှပါတယ်။
ဒီကဗျာလေးသင်တုန်းက ဆရာ ဆုံးမခဲ့တဲ့စကားလေးက
ဘဝအတွက် အရေးပါတဲ့ အသိတရားလေးတစ်ခုဖြစ်ခဲ့ပါတယ်။
"မိန်းကလေးတွေ ကျိုင်းစင်မြဝါ မတ်ကြီးလျာကိုမှလက်တွဲချင်တယ်ဆို
ကိုယ်တိုင်ကလည်း စံကားပွင့်နှင့်နှိုင်းတင့်နိုးရလောက်တဲ့ ရဲမျိုးသမီး ၊ ညက်လှပြာစင်လေးဖြစ်နေမှ။
ယောကျာ်းလေးတွေလည်း ရဲမျိုးသမီး ၊ ညက်လှပြာစင်လေး ကိုလိုချင်တယ်ဆို
ကျိုင်းစင်မြဝါ မတ်ကြီးလျာ ဖြစ်အောင်ကြိုးစားကြ "တဲ့။
ဒီကဗျာလေးရဲ့ အဓိက Themes လေးက ဒါပါပဲ။
နှစ်တွေရာနဲ့ချီနေတာတောင်
အခုချိန်ထိ ခေတ်မီနေဆဲဖြစ်တဲ့
အတွေးအခေါ်တွေနဲ့ ရေးဖွဲ့နိုင်ခဲ့တဲ့
ပုဂံခေတ်ကလေးစားဖွယ်ရာ
ကဗျာရှင် စာဆို ခမျာမှာတော့
"အမည်မသိ" စာရင်းဝင်သွားရရှာတာတော့
စိတ်မကောင်းဖြစ်မိပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။
သားကောင်းရတနာတွေလည်း "ကျိုင်းစင်မြဝါ မတ်ကြီးလျာ"တွေဖြစ်ကြပါစေ။
သမီးကောင်းရတနာတွေလည်း "စံကားပွင့်နှင့် နှိုင်းတင့်နိုး"နိုင်ကြပါစေ။
တောင်ရွှေပုပ္ပားမှာလည်း " ရွှေနဲ့ယိုးမှားပန်းစံကား "တွ "နံရှားကြိုင်လွင့် ၊ ခါတန်ပွင့်" ပါစေ။
#NOe
0 comments:
Post a Comment