အရွိကို အရွိအတိုင္းသာ ဖြင္႕ေၿပာမည္ / အရှိကို အရှိအတိုင်းသာ ဖွင့်ပြောမည်

နိုး အသက္ (၁၃) ႏွစ္ (၈တန္းေက်ာင္းသူအရြယ္) မွာ
ကိုယ္ပိုင္ဆံုးၿဖတ္ခ်က္နဲ႕ ေရြးခ်ယ္ရမယ္႕ ကိစၥတစ္ခုၾကံဳခဲ႕ရပါတယ္။
တစ္ခုက တပ္မေတာ္ေန႔ အထိမ္းအမွတ္ က်ပန္းစကားေၿပာၿပိဳင္ပြဲၿဖစ္ၿပီး ၊ ေနာက္တစ္ခုက တပ္မေတာ္ေန႔အထိမ္းအမွတ္ ရုပ္ၿမင္သံၾကား ဥာဏ္စမ္းပေဟဠိ ၿပိဳင္ပြဲၿဖစ္ပါတယ္။
ဥာဏ္စမ္းအတြက္က  တပ္မေတာ္ သမိုင္း ေလးအုပ္ ကို ေလ႕လာရပါမယ္။(အခ်ိန္ ၂ လရပါတယ္)။
က်ပန္းစကားေၿပာဖို႕က ၇ တန္းကတည္းက ေလ႔က်င္႕ၿပီးသား။(မိတ္ဆက္စာသားေတြ အခုထိအလြတ္ရေနဆဲ)
ကေလးပီပီ TV မွာပါခ်င္တာရယ္။
အသစ္ေတြကို စိတ္၀င္စားတာရယ္။
စိန္ေခၚမွဳတစ္ရပ္ကိုေလာင္းေၾကးထပ္ခ်င္တာရယ္ေတြေၾကာင္႕
ဥာဏ္စမ္းကိုေရြးလိုက္ပါတယ္။
ဒီလိုနဲ႕ ကံေကာင္းေထာက္မစြာပဲ
ေက်ာင္းအဆင္႔
ၿမိဳ႕နယ္အဆင္႕
တိုင္းအဆင္႕ အထပ္ထပ္ကို ပထမ အဆင္႔နဲ႔ေက်ာ္လာၿပီး
ဗဟိုအဆင္႔ေၿဖဖို႕ အေၾကာင္းဖန္လာပါတယ္။
(TV မွာပါေတာ႔မယ္ဆိုတာရယ္ ၊ ၿပိဳင္ပြဲအေၾကာင္းၿပၿပီး စာမက်က္ရတာရယ္ ေပါင္းၿပီးအေပ်ာ္ၾကီးေပ်ာ္တာေပါ႔။ )
အဲ႕ဒီႏွစ္က ဥာဏ္စမ္းၿပိဳင္ပြဲ မတိုင္မီလုပ္တဲ႕ တပ္မေတာ္ေန႔အထိမ္းအမွတ္ စာစီစာကံုး ၊ ပန္းခ်ီ ၊ပိုစတာ ၿပိဳင္ပြဲေတြမွာ  ရန္ကုန္တိုင္းက ပထမ မရလို႕ တာ၀န္ရွိသူေတြအားလံုး လူၾကီးေတြဆီမွာ မုန္႔ဟင္းခါးအေကြ်းခံထားရပါတယ္။
ဒါေၾကာင္႕  ဥာဏ္စမ္းမွာ ပထမ ရမွၿဖစ္မယ္ဆိုၿပီး လူၾကီးေတြက နိုးကို တစ္ပတ္တစ္ခါ အေၿခခံ (၃) ကိုေခၚၿပီး ၿပိဳင္ပြဲအတြက္  ေသေသခ်ာခ်ာ  ေလ႔က်င္႔ေပးပါတယ္။( အနီးကပ္ေလ႔က်င္႕ေပးတာကေတာ႕ အရမ္းေခ်ာတဲ႕ အန္တီတစ္ေယာက္ပါ။ နာမည္ေတာ႕မေၿပာေတာ႕ပါဘူး။ဘာရာထူးလည္းဆိုတာေတာ႔မမွတ္မိေတာ႔ပါဘူး။)
ဒီလိုနဲ႕ နိုးကို အေတြ႕အၾကံဳရေအာင္ဆိုၿပီး မၿပိဳင္ခင္ တစ္ပတ္အလိုမွာက်င္းပမယ္႕ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ဥာဏ္စမ္းၿပိဳင္ပြဲကို သြားၾကည္႔ခြင္႔ရေအာင္လည္းစီစဥ္ထားၿပီးပါၿပီ။
ေမးခြန္းေတာ္ေတ္ာမ်ားမ်ားလည္းေၿဖတတ္ေနပါၿပီ။
ဘယ္လိုေနထိုင္ ေၿပာဆို ရမယ္ဆိုတာလည္း သိေနပါၿပီ။
ၿပိဳင္ပြဲေန႔၀တ္မယ္႕ အၿဖဴအစိမ္းေလးလည္း အဖြားခ်ဳပ္ေပးလို႕ အဆင္သင္႔ၿဖစ္ေနပါၿပီ။


ဒီလိုနဲ႕ေပါ႔ဗ်ာ

အဲဒီေန႔က စေန ၊ တနဂၤေႏြတက္ရတဲ႕ English Class က အဖြဲ႕ေတြနဲ႕ ကန္ေတာ္ၾကီးမွာ ေပ်ာ္ပြဲရႊင္ပဲြလိုက္သြားတာ ညေန ၅ နာရီေလာက္မွာအိမ္ၿပန္ေရာက္ပါတယ္။အိမ္ေရာက္ေရာက္ခ်င္းပဲ နိုးကို ၿပိဳင္ပြဲနဲ႕ပက္သက္ၿပီး အစစအရာရာ စီစဥ္ေပးေနတဲ႕ ဆရာမကလာေခၚလို႕ ခ်က္ခ်င္းအၿဖဴအစိမ္းလဲၿပီး အေၿခခံ(၃)ကို လိုက္သြားရပါတယ္။
ဟိုေရာက္ေတာ႕ ေက်ာင္းသူႏွစ္ေယာက္ကိုေတြ႕ပါတယ္။
တစ္ေယာက္က လသာ(၂)က ကိုးတန္းေက်ာင္းသူပါ။(ရန္ကုန္တိုင္းအဆင္႔ေၿဖေတာ႕ နိုးက ပထမရၿပီး သူက ဒုတိယ ရခဲ႕တာပါ။)
ေနာက္တစ္ေယာက္ကနိုးနဲ႕ရြယ္တူပါ။သူနဲ႕အတူဆရာမ(၃)ေယာက္ပါလာပါတယ္။(သူ႕ကိုေတာ႕ နိုးမသိပါဘူး။ ၿမင္ဖူးသလိုလိုေတာ႕ရွိပါတယ္။)
လူၾကီးေတြအကုန္မ်က္ႏွာမေကာင္းတာ သတိထားမိပါတယ္။
ၿပိဳင္ပြဲအတြက္ စာေမးပြဲၿပန္ေၿဖရမယ္ေၿပာပါတယ္။
ေမးခြန္း (၁၀)ခုေမးပါတယ္။
နိူး အားလံုးေၿဖနိုင္ခဲ႕ပါတယ္။
အေၿဖေတြစစ္ေနတဲ႕အခ်ိန္ လသာ(၂) က အမနဲ႕ စကားေတြေၿပာၿဖစ္ခဲ႔ပါတယ္။( သူက က်ဴရွင္ဖ်က္ၿပီးလာရတာၿဖစ္လို႕ စိတ္ညစ္ေၾကာင္း ညည္းသြားပါတယ္။)
(၁)နာရီေလာက္ၾကာေတာ႕နိုးဆရာမ ထြက္လာၿပီး " ဆိုင္ရာပိုင္ရာက လူၾကီးတစ္ေယာက္ရဲ႕ ေၿမးၿဖစ္သူ (လသာ(၂) က အမ မဟုတ္တဲ႕ တစ္ေယာက္) က ေၿဖခ်င္တယ္ ဆိုလို႕  နိုး ဒီ ဥာဏ္စမ္းကိုမေၿဖရေတာ႕ေၾကာင္း" ေၿပာပါတယ္။
ည (၉)နာရီေက်ာ္မွာ အိမ္ၿပန္ေရာက္ပါတယ္။
ဆရာမက အေမနဲ႕ အဖြားကို အက်ိဳးအေၾကာင္းေၿပာၿပပါတယ္။
အားလံုးက နုိးကို စိတ္ဓာတ္က်သြားမွာစိုးရိမ္ေနပံုေပါက္ပါတယ္။
အရိုးသားဆံုး ၀န္ခံရရင္ ၀မ္းနည္းမိတာကလြဲရင္ စိတ္ဓါတ္ (လံုး၀) မက်ခဲ႕ပါဘူး။မ်က္ရည္လည္းတစ္စက္မွမက်ခဲ႔ပါဘူး။
အဲ႕ဒီ႕အခ်ိန္ နိုးေခါင္းထဲမွာေတြးမိတာ တစ္ခုပဲရွိပါတယ္။
"မိဘေဆြမ်ိဳး အသိုင္းအ၀ိုင္းေကာင္းတာကလည္းေမြးရာပါ အရည္အခ်င္းတစ္ခု"ဆိုတာပါ။
ၿမန္မာ႕အသံက ၿပိဳင္ပြဲအစီအစဥ္ကိုလႊင္႕ေတာ႕ ေစာင္႔ၾကည္႕ခဲ႕ပါတယ္။
(ဘယ္လိုပဲၿဖစ္ၿဖစ္ နုိးကို ကူညီခဲ႕ၾကတဲ႕ ၊ ေလ႕က်င္႕သင္ၾကားေပးၾကတဲ႕
 အန္တီနဲ႕တကြ တာ၀န္ရွိသူေတြ အဆူမခံရေအာင္ ရန္ကုန္တိုင္းကိုယ္စားၿပဳတဲ႕ သူ႕ကို ပထမ ရေစခ်င္ခဲ႕ပါတယ္။)ဒါေပမယ္႕  ဘာဆုမွမရခဲ႕လို႕လည္း ၀မ္းနည္းခဲ႕ရပါတယ္။(၁၃ ႏွစ္သမီးရဲ႕ စိတ္ရင္းအမွန္နဲ႕ေၿပာတာပါ။အခုုအခ်ိန္ဆိုရင္ေတာ႕ မေၿပာတတ္ဘူး။)

ဒီအေၾကာင္းေတြကို အခုလိုေရးေနတာဟာ ခ်ီးေၿခာက္ေတြကိုေရနူးတာမဟုတ္သလို  တစ္ဦးတစ္ေယာက္ကို ထိခိုက္နစ္နာေစလိုတာေၾကာင္႕လည္းမဟုတ္ပါဘူး။ကိုယ္ရည္ေသြးခ်င္တာလည္းမဟုတ္ရပါဘူး။
ဒီေန႔ နိုး တင္လိုက္တဲ႕ Status တစ္ခုကို အဓိပၸါယ္ေတာင္ ေသခ်ာမသိတဲ႕ ပညာတတ္အမည္ခံတစ္ဦး (ဆရာ၀န္မဟုတ္ပါ)  က  Chat Box မွတစ္ဆင္႕မဟုတ္က ဟုတ္က ရိုင္းစိုင္းစြာ စြပ္စြဲလာလို႕ ေရးတင္လိုက္တာပါ။
နိုးက တပ္မိသားစုက ေပါက္ဖြားလာတာ (လံုး၀) မဟုတ္ပါဘူး။
တစ္ခ်ိန္တစ္ခါက တန္ခိုးအာဏာ ၾကီးထြားသူေတြထဲမွ တစ္ခ်ိဳ႕ရဲ႕ အနိုင္က်င္႕ဗိုလ္က်မွုကို အသက္ (၁၃)ႏွစ္ အရြယ္မွာ  နိုး  ကိုယ္တိုင္ ကိုယ္က် နဖူးေတြ႕႔ ၊ ဒူးေတြ႔ ၾကံဳခဲ႕ဖူးပါတယ္။
ဒါေပမယ္႔ အားလံုးကို ၀ါးလံုးရွည္နဲ႕ ပတ္ရမ္းတတ္တဲ႕ သူေတြထဲမွာ နိုးမပါဘူး။
ကိုယ္ေရးကိုယ္တာနဲ႕ပတ္သတ္ၿပီး အတၱၾကီးခ်င္ၾကီးမယ္ ။ အၿမင္က်ဥ္းခ်င္ က်ဥ္းမယ္။
နိုင္ငံ႕အေရး (နိုင္ငံေရးမဟုတ္ပါ) နဲ႔ပတ္သတ္ရင္ေတာ႕ အမွန္ေတြ ၊ အမွားေတြ ခဏထားၿပီး အရွိတရားကိုၿမင္နိုင္ဖို႕ပဲ ၾကိဳးစားတယ္။
(ေလာကီေရးရာမွာ အမွန္ ၊ အမွား ဆိုတာက အေၿခအေနေပၚမူတည္ၿပီးေၿပာင္းလဲေနတာေလ။)

"ထံုးလည္း အၿဖဴေရာင္ ၊ ဗ်ဳိင္းလည္း အၿဖဴေရာင္ ဆိုေပမယ္႕ ထံုးနဲ႕ ဗ်ိဳင္းက မတူဘူးဆိုတာေတာ႕ လက္ခံရမွာပဲ။"

(တကၠသိုလ္ ပညာတတ္ ဘြဲ႕ရတစ္ဦးမဟုတ္လို႕  စာအေရးအသား ၊ အေတြးအေခၚ နဲ႕ ခံယူုခ်က္ ေတြ အမွားပါရင္ မလိမ္မိုး မလိမၼာေလးကို ပညာတတ္ ၊ ပညာရွိ မ်ားက ခြင္႕လႊတ္နားလည္သည္းခံေပးၾကပါရန္ အထူး ေမတၱာရပ္ခံအပ္ပါသည္)
#NOe

နိုး အသက် (၁၃) နှစ် (၈တန်းကျောင်းသူအရွယ်) မှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရမယ့် ကိစ္စတစ်ခုကြုံခဲ့ရပါတယ်။
တစ်ခုက တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲဖြစ်ပြီး ၊ နောက်တစ်ခုက တပ်မတော်နေ့အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲဖြစ်ပါတယ်။
ဉာဏ်စမ်းအတွက်က  တပ်မတော် သမိုင်း လေးအုပ် ကို လေ့လာရပါမယ်။(အချိန် ၂ လရပါတယ်)။
ကျပန်းစကားပြောဖို့က ရ တန်းကတည်းက လေ့ကျင့်ပြီးသား။(မိတ်ဆက်စာသားတွေ အခုထိအလွတ်ရနေဆဲ)
ကလေးပီပီ TV မှာပါချင်တာရယ်။
အသစ်တွေကို စိတ်ဝင်စားတာရယ်။
စိန်ခေါ်မှုတစ်ရပ်ကိုလောင်းကြေးထပ်ချင်တာရယ်တွေကြောင့်
ဉာဏ်စမ်းကိုရွေးလိုက်ပါတယ်။
ဒီလိုနဲ့ ကံကောင်းထောက်မစွာပဲ
ကျောင်းအဆင့်
မြို့နယ်အဆင့်
တိုင်းအဆင့် အထပ်ထပ်ကို ပထမ အဆင့်နဲ့ကျော်လာပြီး
ဗဟိုအဆင့်ဖြေဖို့ အကြောင်းဖန်လာပါတယ်။
(TV မှာပါတော့မယ်ဆိုတာရယ် ၊ ပြိုင်ပွဲအကြောင်းပြပြီး စာမကျက်ရတာရယ် ပေါင်းပြီးအပျော်ကြီးပျော်တာပေါ့။ )
အဲ့ဒီနှစ်က ဉာဏ်စမ်းပြိုင်ပွဲ မတိုင်မီလုပ်တဲ့ တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံး ၊ ပန်းချီ ၊ပိုစတာ ပြိုင်ပွဲတွေမှာ  ရန်ကုန်တိုင်းက ပထမ မရလို့ တာဝန်ရှိသူတွေအားလုံး လူကြီးတွေဆီမှာ မုန့်ဟင်းခါးအကျွေးခံထားရပါတယ်။
ဒါကြောင့်  ဉာဏ်စမ်းမှာ ပထမ ရမှဖြစ်မယ်ဆိုပြီး လူကြီးတွေက နိုးကို တစ်ပတ်တစ်ခါ အခြေခံ (၃) ကိုခေါ်ပြီး ပြိုင်ပွဲအတွက်  သေသေချာချာ  လေ့ကျင့်ပေးပါတယ်။( အနီးကပ်လေ့ကျင့်ပေးတာကတော့ အရမ်းချောတဲ့ အန်တီတစ်ယောက်ပါ။ နာမည်တော့မပြောတော့ပါဘူး။ဘာရာထူးလည်းဆိုတာတော့မမှတ်မိတော့ပါဘူး။)
ဒီလိုနဲ့ နိုးကို အတွေ့အကြံုရအောင်ဆိုပြီး မပြိုင်ခင် တစ်ပတ်အလိုမှာကျင်းပမယ့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဉာဏ်စမ်းပြိုင်ပွဲကို သွားကြည့်ခွင့်ရအောင်လည်းစီစဉ်ထားပြီးပါပြီ။
မေးခွန်းတော်တေ်ာများများလည်းဖြေတတ်နေပါပြီ။
ဘယ်လိုနေထိုင် ပြောဆို ရမယ်ဆိုတာလည်း သိနေပါပြီ။
ပြိုင်ပွဲနေ့ဝတ်မယ့် အဖြူအစိမ်းလေးလည်း အဖွားချုပ်ပေးလို့ အဆင်သင့်ဖြစ်နေပါပြီ။


ဒီလိုနဲ့ပေါ့ဗျာ

အဲဒီနေ့က စနေ ၊ တနင်္ဂနွေတက်ရတဲ့ English Class က အဖွဲ့တွေနဲ့ ကန်တော်ကြီးမှာ ပျော်ပွဲရွှင်ပွဲလိုက်သွားတာ ညနေ ၅ နာရီလောက်မှာအိမ်ပြန်ရောက်ပါတယ်။အိမ်ရောက်ရောက်ချင်းပဲ နိုးကို ပြိုင်ပွဲနဲ့ပက်သက်ပြီး အစစအရာရာ စီစဉ်ပေးနေတဲ့ ဆရာမကလာခေါ်လို့ ချက်ချင်းအဖြူအစိမ်းလဲပြီး အခြေခံ(၃)ကို လိုက်သွားရပါတယ်။
ဟိုရောက်တော့ ကျောင်းသူနှစ်ယောက်ကိုတွေ့ပါတယ်။
တစ်ယောက်က လသာ(၂)က ကိုးတန်းကျောင်းသူပါ။(ရန်ကုန်တိုင်းအဆင့်ဖြေတော့ နိုးက ပထမရပြီး သူက ဒုတိယ ရခဲ့တာပါ။)
နောက်တစ်ယောက်ကနိုးနဲ့ရွယ်တူပါ။သူနဲ့အတူဆရာမ(၃)ယောက်ပါလာပါတယ်။(သူ့ကိုတော့ နိုးမသိပါဘူး။ မြင်ဖူးသလိုလိုတော့ရှိပါတယ်။)
လူကြီးတွေအကုန်မျက်နှာမကောင်းတာ သတိထားမိပါတယ်။
ပြိုင်ပွဲအတွက် စာမေးပွဲပြန်ဖြေရမယ်ပြောပါတယ်။
မေးခွန်း (၁၀)ခုမေးပါတယ်။
နိူး အားလုံးဖြေနိုင်ခဲ့ပါတယ်။
အဖြေတွေစစ်နေတဲ့အချိန် လသာ(၂) က အမနဲ့ စကားတွေပြောဖြစ်ခဲ့ပါတယ်။( သူက ကျူရှင်ဖျက်ပြီးလာရတာဖြစ်လို့ စိတ်ညစ်ကြောင်း ညည်းသွားပါတယ်။)
(၁)နာရီလောက်ကြာတော့နိုးဆရာမ ထွက်လာပြီး " ဆိုင်ရာပိုင်ရာက လူကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူ (လသာ(၂) က အမ မဟုတ်တဲ့ တစ်ယောက်) က ဖြေချင်တယ် ဆိုလို့  နိုး ဒီ ဉာဏ်စမ်းကိုမဖြေရတော့ကြောင်း" ပြောပါတယ်။
ည (၉)နာရီကျော်မှာ အိမ်ပြန်ရောက်ပါတယ်။
ဆရာမက အမေနဲ့ အဖွားကို အကျိုးအကြောင်းပြောပြပါတယ်။
အားလုံးက နိုးကို စိတ်ဓာတ်ကျသွားမှာစိုးရိမ်နေပုံပေါက်ပါတယ်။
အရိုးသားဆုံး ၀န်ခံရရင် ၀မ်းနည်းမိတာကလွဲရင် စိတ်ဓါတ် (လုံးဝ) မကျခဲ့ပါဘူး။မျက်ရည်လည်းတစ်စက်မှမကျခဲ့ပါဘူး။
အဲ့ဒီ့အချိန် နိုးခေါင်းထဲမှာတွေးမိတာ တစ်ခုပဲရှိပါတယ်။
"မိဘဆွေမျိုး အသိုင်းအဝိုင်းကောင်းတာကလည်းမွေးရာပါ အရည်အချင်းတစ်ခု"ဆိုတာပါ။
မြန်မာ့အသံက ပြိုင်ပွဲအစီအစဉ်ကိုလွှင့်တော့ စောင့်ကြည့်ခဲ့ပါတယ်။
(ဘယ်လိုပဲဖြစ်ဖြစ် နိုးကို ကူညီခဲ့ကြတဲ့ ၊ လေ့ကျင့်သင်ကြားပေးကြတဲ့
 အန်တီနဲ့တကွ တာဝန်ရှိသူတွေ အဆူမခံရအောင် ရန်ကုန်တိုင်းကိုယ်စားပြုတဲ့ သူ့ကို ပထမ ရစေချင်ခဲ့ပါတယ်။)ဒါပေမယ့်  ဘာဆုမှမရခဲ့လို့လည်း ၀မ်းနည်းခဲ့ရပါတယ်။(၁၃ နှစ်သမီးရဲ့ စိတ်ရင်းအမှန်နဲ့ပြောတာပါ။အခုုအချိန်ဆိုရင်တော့ မပြောတတ်ဘူး။)

ဒီအကြောင်းတွေကို အခုလိုရေးနေတာဟာ ချီးခြောက်တွေကိုရေနူးတာမဟုတ်သလို  တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုတာကြောင့်လည်းမဟုတ်ပါဘူး။ကိုယ်ရည်သွေးချင်တာလည်းမဟုတ်ရပါဘူး။
ဒီနေ့ နိုး တင်လိုက်တဲ့ Status တစ်ခုကို အဓိပ္ပါယ်တောင် သေချာမသိတဲ့ ပညာတတ်အမည်ခံတစ်ဦး (ဆရာဝန်မဟုတ်ပါ)  က  Chat Box မှတစ်ဆင့်မဟုတ်က ဟုတ်က ရိုင်းစိုင်းစွာ စွပ်စွဲလာလို့ ရေးတင်လိုက်တာပါ။
နိုးက တပ်မိသားစုက ပေါက်ဖွားလာတာ (လုံးဝ) မဟုတ်ပါဘူး။
တစ်ချိန်တစ်ခါက တန်ခိုးအာဏာ ကြီးထွားသူတွေထဲမှ တစ်ချို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို အသက် (၁၃)နှစ် အရွယ်မှာ  နိုး  ကိုယ်တိုင် ကိုယ်ကျ နဖူးတွေ့့ ၊ ဒူးတွေ့ ကြံုခဲ့ဖူးပါတယ်။
ဒါပေမယ့် အားလုံးကို ၀ါးလုံးရှည်နဲ့ ပတ်ရမ်းတတ်တဲ့ သူတွေထဲမှာ နိုးမပါဘူး။
ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်ပြီး အတ္တကြီးချင်ကြီးမယ် ။ အမြင်ကျဉ်းချင် ကျဉ်းမယ်။
နိုင်ငံ့အရေး (နိုင်ငံရေးမဟုတ်ပါ) နဲ့ပတ်သတ်ရင်တော့ အမှန်တွေ ၊ အမှားတွေ ခဏထားပြီး အရှိတရားကိုမြင်နိုင်ဖို့ပဲ ကြိုးစားတယ်။
(လောကီရေးရာမှာ အမှန် ၊ အမှား ဆိုတာက အခြေအနေပေါ်မူတည်ပြီးပြောင်းလဲနေတာလေ။)

"ထုံးလည်း အဖြူရောင် ၊ ဗျိုင်းလည်း အဖြူရောင် ဆိုပေမယ့် ထုံးနဲ့ ဗျိုင်းက မတူဘူးဆိုတာတော့ လက်ခံရမှာပဲ။"

(တက္ကသိုလ် ပညာတတ် ဘွဲ့ရတစ်ဦးမဟုတ်လို့  စာအရေးအသား ၊ အတွေးအခေါ် နဲ့ ခံယူုချက် တွေ အမှားပါရင် မလိမ်မိုး မလိမ္မာလေးကို ပညာတတ် ၊ ပညာရှိ များက ခွင့်လွှတ်နားလည်သည်းခံပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်)
#NOe

CONVERSATION

0 comments:

Post a Comment

Back
to top