၂၃.၅ ဒီဂရီ မတိမ္းေစာင္းေသာ ကမၻာငယ္ေလးတစ္ခု

ခ်စ္ေသာသူေရ..............
ေနၾကာပန္းေတြေဝေဝဆာဆာပြင္႕ေနတဲ႕
ေတာင္ကုန္းေလးကိုေက်ာ္ၿပီးမွ
အခ်ပ္တစ္ရာပန္းဝါဝါေတြ
တစ္ဖက္တစ္ခ်က္ပြင္႕တဲ႕
ေၿမနီလမ္းေလးအတိုင္းေလွ်ာက္သြားရင္
ေရာက္နိုင္ပါတယ္တယ္။
သစ္သားအိမ္ၿဖဴေလး။

ခ်စ္ေသာသူေရ..............
အိမ္ၿဖဴေလးရဲ႕
လက္ယာဘက္ ေၿမကြက္လပ္က်ယ္မွာ
ဂ်ဳံ ၊အာလူး ၊ေၿမပဲ၊ ေၿပာင္းဖူးေတြ
လက္ဝဲဘက္ ေၿမကြက္လပ္က်ယ္မွာ
ခရမ္းခ်ဥ္ ၊ ေဂၚဖီ ၊ ၾကက္သြန္ ၊ ငရုတ္ေတြ
(ရာသီခ်ိန္ဆို ဖရဲသီးနဲ႕ စိမ္းစားဥေတြ)
တစ္နုိင္တစ္ပိုင္စိုက္ၾကမယ္။

ခ်စ္ေသာသူေရ..............
ရာသီဥတု သာယာတဲ႕
မနက္ခင္းေတြဆို
ေတာစပ္နားေလးက
ၿမက္ခင္းၿပင္ၾကီးမွာ
ယုန္ငယ္ေလးေတြၿခံရံၿပီး
ေနပူစာလံႈၾကမယ္။
တစ္ခါတစ္ေလၿမင္းေလးဘာေလးစီးတာေပါ႔။
ခ်စ္ေသာသူေရ..............
အိမ္ေနာက္ေဖး ႏွင္းဆီပန္းခင္းၾကားက
စမ္းေခ်ာင္းေလးအတိုင္းလိုက္သြားရင္
ေရာက္နိုင္တဲ႕ ခပ္လွမ္းလွမ္းေတာအုပ္ေလးထဲက
ေရတံခြန္ေလးမွာ
ေရမိုးခ်ိဳး အဝတ္ေတြေလွ်ာ္ၿပီး
အိမ္အတြက္ေသာက္ေရခပ္ၿပန္ၾကမယ္။

ခ်စ္ေသာသူေရ..............
ေတာင္ေလေတြရႈးတဲ႕
ေႏြဦးရဲ႕ေန႕လယ္ေန႕ခင္းေတြဆို
ေတာအုပ္ၾကီးထဲ သစ္ေကာင္းဝါးရိပ္ကိုခိုလို႕
တစ္ေရးတစ္ေမာ ေမွးၾကတာေပါ႔။
စိတ္လိုလက္ရရွိတဲ႕အခါ
ေက်းငွက္သာရကာေတြကို ဟာမိုနီလိုက္ခိုင္းၿပီး
ဝါးပုေလြေလးကိုယ္စီနဲ႕ ေတးသြားေလးေတြ
စီးေမ်ာခံစားၾကတာေပါ႕။

ခ်စ္ေသာသူေရ..............
မိုးေတြမည္းေနၿပီေဟ႕။
မၾကာခင္သည္းေတာ႕မယ္နဲ႕တူပါတယ္။
ဘာမွေထြေထြထူးထူးမခ်က္ခ်င္ဘူးကြာ။
ဂိုေထာင္ထဲက အာလူးေတြပဲ
လြယ္လြယ္ကူကူ မီးဖုတ္စားၾကတာေပါ႕။
ၿပီးေတာ႕ေလ
မိုးၿခိမ္းတဲ႕အခ်ိန္တိုင္း
ေၾကာက္ခ်င္ေယာင္ေဆာင္ေနတတ္တဲ႕သူမို႕
ဖက္ထားေပးဖို႕လည္း မေမ႕နဲ႕ဦးေနာ္။

ခ်စ္ေသာသူေရ..............
ေၿမာက္ေလေတြၿပန္လာၿပီတဲ႕လား။
ကိုယ္တိုင္ၾကိတ္ထားတဲ႕
ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္တိုက္မယ္ေလ။
ၿခံထြက္ ႏြားနို႕ေလးနဲ႕ေပါ႕။
တိမ္ေတြကင္းတဲ႕ ေကာင္းကင္ၿပင္ၾကီးက
လမင္းၾကီးကိုၾကည္႕ရင္း ၾကယ္ကေလးေတြကို
လိုခ်င္စိတ္နဲ႕ ေလာဘေလးေတြတက္မိၾကရင္
ပိုးစုန္းၾကဴ းေလးေတြလိုက္ဖမ္းၾကတာေပါ႔။

ခ်စ္ေသာသူေရ..............
ေလာဘ
ေဒါသ
ေမာဟ ေတြနဲ႕ လူေစာ္နံေနတဲ႕
ေလာကၾကီးကေန ေဝးရာမွာ
ေအးရာေအးေၾကာင္း ရွင္သန္ၾကမယ္ခ်စ္သူ။

ခႏၶာ႕ဝန္ထမ္းဘဝ ပင္စင္ရလို႕
အခ်ိန္တန္ ကိုယ္စီ အိမ္ၿပန္ရတဲ႕ အခါ
က်န္ခဲ႕ရမယ္႕သူေရာ
ထြက္ခြါရမယ္႕သူပါ
ဘယ္သူ႕မွ မငိုေၾကးေနာ္။

ကဲ ဘယ္လိုလဲ?
လိုက္ခဲ႕မွာလား
ခ်စ္ေသာသူေရ..............?
ေနၾကာပန္းေတြေဝေဝဆာဆာပြင္႕ေနတဲ႕
ေတာင္ကုန္းေလးကိုေက်ာ္ၿပီးမွ
အခ်ပ္တစ္ရာပန္းဝါဝါေတြ
တစ္ဖက္တစ္ခ်က္ပြင္႕တဲ႕
ေၿမနီလမ္းေလးအတိုင္းေလွ်ာက္သြားရင္
ေရာက္နိုင္ပါတယ္တယ္။
သစ္သားအိမ္ၿဖဴေလး။ ...................... ဆီကို



ချစ်သောသူရေ..............
နေကြာပန်းတွေဝေဝေဆာဆာပွင့်နေတဲ့
တောင်ကုန်းလေးကိုကျော်ပြီးမှ
အချပ်တစ်ရာပန်းဝါဝါတွေ
တစ်ဖက်တစ်ချက်ပွင့်တဲ့
မြေနီလမ်းလေးအတိုင်းလျှောက်သွားရင်
ရောက်နိုင်ပါတယ်တယ်။
သစ်သားအိမ်ဖြူလေး။

ချစ်သောသူရေ..............
အိမ်ဖြူလေးရဲ့
လက်ယာဘက် မြေကွက်လပ်ကျယ်မှာ
ဂျုံ ၊အာလူး ၊မြေပဲ၊ ပြောင်းဖူးတွေ
လက်ဝဲဘက် မြေကွက်လပ်ကျယ်မှာ
ခရမ်းချဉ် ၊ ဂေါ်ဖီ ၊ ကြက်သွန် ၊ ငရုတ်တွေ
(ရာသီချိန်ဆို ဖရဲသီးနဲ့ စိမ်းစားဥတွေ)
တစ်နိုင်တစ်ပိုင်စိုက်ကြမယ်။

ချစ်သောသူရေ..............
ရာသီဥတု သာယာတဲ့
မနက်ခင်းတွေဆို
တောစပ်နားလေးက
မြက်ခင်းပြင်ကြီးမှာ
ယုန်ငယ်လေးတွေခြံရံပြီး
နေပူစာလှုံကြမယ်။
တစ်ခါတစ်လေမြင်းလေးဘာလေးစီးတာပေါ့။
ချစ်သောသူရေ..............
အိမ်နောက်ဖေး နှင်းဆီပန်းခင်းကြားက
စမ်းချောင်းလေးအတိုင်းလိုက်သွားရင်
ရောက်နိုင်တဲ့ ခပ်လှမ်းလှမ်းတောအုပ်လေးထဲက
ရေတံခွန်လေးမှာ
ရေမိုးချိုး အဝတ်တွေလျှော်ပြီး
အိမ်အတွက်သောက်ရေခပ်ပြန်ကြမယ်။

ချစ်သောသူရေ..............
တောင်လေတွေရှုးတဲ့
နွေဦးရဲ့နေ့လယ်နေ့ခင်းတွေဆို
တောအုပ်ကြီးထဲ သစ်ကောင်းဝါးရိပ်ကိုခိုလို့
တစ်ရေးတစ်မော မှေးကြတာပေါ့။
စိတ်လိုလက်ရရှိတဲ့အခါ
ကျေးငှက်သာရကာတွေကို ဟာမိုနီလိုက်ခိုင်းပြီး
ဝါးပုလွေလေးကိုယ်စီနဲ့ တေးသွားလေးတွေ
စီးမျောခံစားကြတာပေါ့။

ချစ်သောသူရေ..............
မိုးတွေမည်းနေပြီဟေ့။
မကြာခင်သည်းတော့မယ်နဲ့တူပါတယ်။
ဘာမှထွေထွေထူးထူးမချက်ချင်ဘူးကွာ။
ဂိုထောင်ထဲက အာလူးတွေပဲ
လွယ်လွယ်ကူကူ မီးဖုတ်စားကြတာပေါ့။
ပြီးတော့လေ
မိုးခြိမ်းတဲ့အချိန်တိုင်း
ကြောက်ချင်ယောင်ဆောင်နေတတ်တဲ့သူမို့
ဖက်ထားပေးဖို့လည်း မမေ့နဲ့ဦးနော်။

ချစ်သောသူရေ..............
မြောက်လေတွေပြန်လာပြီတဲ့လား။
ကိုယ်တိုင်ကြိတ်ထားတဲ့
ကော်ဖီလေးတစ်ခွက်ဖျော်တိုက်မယ်လေ။
ခြံထွက် နွားနို့လေးနဲ့ပေါ့။
တိမ်တွေကင်းတဲ့ ကောင်းကင်ပြင်ကြီးက
လမင်းကြီးကိုကြည့်ရင်း ကြယ်ကလေးတွေကို
လိုချင်စိတ်နဲ့ လောဘလေးတွေတက်မိကြရင်
ပိုးစုန်းကြူ းလေးတွေလိုက်ဖမ်းကြတာပေါ့။

ချစ်သောသူရေ..............
လောဘ
ဒေါသ
မောဟ တွေနဲ့ လူစော်နံနေတဲ့
လောကကြီးကနေ ဝေးရာမှာ
အေးရာအေးကြောင်း ရှင်သန်ကြမယ်ချစ်သူ။

ခန္ဓာ့ဝန်ထမ်းဘဝ ပင်စင်ရလို့
အချိန်တန် ကိုယ်စီ အိမ်ပြန်ရတဲ့ အခါ
ကျန်ခဲ့ရမယ့်သူရော
ထွက်ခွါရမယ့်သူပါ
ဘယ်သူ့မှ မငိုကြေးနော်။

ကဲ ဘယ်လိုလဲ?
လိုက်ခဲ့မှာလား
ချစ်သောသူရေ..............?
နေကြာပန်းတွေဝေဝေဆာဆာပွင့်နေတဲ့
တောင်ကုန်းလေးကိုကျော်ပြီးမှ
အချပ်တစ်ရာပန်းဝါဝါတွေ
တစ်ဖက်တစ်ချက်ပွင့်တဲ့
မြေနီလမ်းလေးအတိုင်းလျှောက်သွားရင်
ရောက်နိုင်ပါတယ်တယ်။
သစ်သားအိမ်ဖြူလေး။ ...................... ဆီကို

CONVERSATION

0 comments:

Post a Comment

Back
to top