"အခြင္႔အေရးလိုခ်င္ရင္ တာ၀န္ယူပါ"/"အခွင့်အရေးလိုချင်ရင် တာဝန်ယူပါ"

မေန႕ က လွည္းတန္းမွာ Client တစ္ေယာက္နဲ႔သြားေတြ႕ပါတယ္။
အလုပ္ကိစၥၿပီးလို႔ၿပန္ေတာ႔ အခ်ိန္ေလးပိုေနတာနဲ႕ (ေခြ်တာေရးလည္းပါတာေပါ႔ :P )
ဘစ္ကားစီးၿပီးၿပန္ၿဖစ္တယ္။

ကားေပၚေရာက္ေတာ႕  လူၾကပ္ရတဲ႕ထဲ ကံဆိုးစြာနဲ႕ပဲ ထိုင္စရာ ေနရာမရပါဘူး။
လက္ထဲမွာလည္း Laptop အိတ္တစ္လံုး ၊ ပိုက္ဆံအိတ္ကလည္းလြယ္ထားရေတာ႕  မနိုင္မနင္းနဲ႕ေပါ႔။
ေမွ်ာ္လင္႔ၿခင္းမ်ားစြာနဲ႕ပဲ အသက္ ၁၅/၁၆/၁၇ ေလာက္ ရွိမယ္႕ ေကာင္ေလးငယ္ငယ္ေခ်ာေခ်ာေလးတစ္ေယာက္နားမွာ ခပ္တည္တည္နဲ႕သြားရပ္လိုက္တယ္။
အိတ္ေလးေတြမ်ားကိုင္ေပးေလမလား။
ေစတနာေတြပိုရင္ ထိုင္ရာကမ်ားထေပးမလားေပါ႔။

တစ္မွတ္တိုင္ေက်ာ္သြားတယ္  ေကာင္ေလးကမသိဘူး။
ႏွစ္မွတ္တိုင္   ထိုင္ေနတုန္းပဲ။
သံုးမွတ္တိုင္   ၊ သတိထားမိေအာင္ Laptop အိတ္ေလးကိုလက္ေၿပာင္းကိုင္လိုက္တယ္ ၊ ေမာင္မင္းၾကီးသားကဖုန္းေတာင္ထုတ္ၿပီး Game ေဆာ႔ေနလိိုက္ေသးတယ္။
ေလးမွတ္တိုင္ ကာလနာ ေၿမြေပြးကိုက္ကစလို႕ စိတ္ထဲမွာ တတ္သမွ်မွတ္သမွ် နည္းေပါင္းစံုနဲ႕ကို ေမတၱာပို႕မိသြားတယ္။
ေမတၱာပို႔မိၿပီးတာနဲ႕ ခ်က္ခ်င္းဆိုသလိုကို ကိုယ္႕စိတ္ကိုယ္ကို ၿပန္ဆန္းစစ္မိသြားတယ္။
"ေအာ္ ငါ မေတာ္ေလာဘေတြတက္ေနမိပါလား ။ အတၱေတြၾကီးေနမိပါလား"ေပါ႔။
တစ္လက္စထဲမွာ ဘာကုိသြားသတိရလဲဆိုေတာ႕
"အမ်ိဳးသမီး အခြင္႔အေရး"
"အမ်ိဳးသားမ်ားနဲ႕တန္းတူရပ္တည္နိုူင္ေရ။"စတဲ႕ စကားလံုးေတြတစ္လံုးခ်င္းတစ္လံုးခ်င္းက ေခါင္းထဲမွာေတြးစရာေတြတစ္ခုၿပီးတစ္ခုကိုဖန္တီးလိုက္ေတာ႕တာ။
ပြဲေတြမွာေၿပာစရာၾကံဳရင္ ကိုယ္တိုင္ဆရာမၾကီးစတိုင္နဲ႕လူေရွ႔ထြက္ၿပီး (တစ္ခါတစ္ေလစင္ေပၚမွာ) အၾကီးအက်ယ္ ေဆြးေႏြးေပးခဲ႕ရတဲ႕ စကားလံုးေတြေလ။

ဟုတ္ပါတယ္။
အမ်ိဳးသမီးမ်ားအေနနဲ႕

 လုပ္ငန္းခြင္နဲ႕ ေန႔စဥ္လူေနမွဳဴဘ၀မွာ အမ်ိဳးသားမ်ားနဲ႕ တန္းတူ အခြင္႔အေရးေတြေတာင္းဆိုမယ္ဆိုရင္
ဘစ္ကားေပၚမွာ ကိုယ္႕ အထုတ္ကိုယ္နိုင္ေအာင္သယ္ရမယ္ဆိုတဲ႕ တာ၀န္ကိုလည္းေယာက္က်ားမ်ားနဲ႕တန္းတူထမ္းေဆာင္ရမွာပါ။
ေနရာေလးမ်ားထေပးေလးမလားဆိုတဲ႕ ေမွ်ာ္လင္႔ခ်က္ေတြကို ေဘးဖယ္ထားၿပီး ေယာက်ားမ်ားနဲ႕တန္းတူ မတ္တပ္
ရပ္ၿပီး ဘစ္ကားစီးနိုင္ရမွာပါ။

ေနရာတကာမွာ သူကေတာ႕ ေယာက္က်ားၿဖစ္လို႕တာ၀န္ယူရမွာေပါ႔ဆိုရင္ အခြင္႕အေရးေတြလည္းသူတုိ႕ပဲရသြားပါလိမ္႔မယ္။

ဘစ္ကားေပၚကဆင္းေတာ႕ စာေၾကာင္းေလးတစ္ေၾကာင္းေတြးမိၿပီးၿပံဳးမိေသးတယ္။

"အခြင္႔အေရးလိုခ်င္ရင္ တာ၀န္ယူပါ"

ဒါနဲ႕စကားမစပ္ အခုေခတ္မွာမိန္းမေတြက အိမ္ေထာင္႔စီၤးပြားေရးကိုလည္းတစ္ဖက္တစ္လမ္းက တာ၀န္ယူေနၾကၿပီၿဖစ္လို႕ ေယာက္က်ားေတြလည္း အိမ္မွဴကိစၥေတြကိုေတာ႕၀ိုင္းကူေစခ်င္တယ္ကြယ္လို႕ ။
တန္းတူညီတူ။
"ေမာင္တစ္ထမ္း မယ္တစ္ရြက္" ေပါ႔။

#NOe


မနေ့ က လှည်းတန်းမှာ Client တစ်ယောက်နဲ့သွားတွေ့ပါတယ်။
အလုပ်ကိစ္စပြီးလို့ပြန်တော့ အချိန်လေးပိုနေတာနဲ့ (ချွေတာရေးလည်းပါတာပေါ့ :P )
ဘစ်ကားစီးပြီးပြန်ဖြစ်တယ်။

ကားပေါ်ရောက်တော့  လူကြပ်ရတဲ့ထဲ ကံဆိုးစွာနဲ့ပဲ ထိုင်စရာ နေရာမရပါဘူး။
လက်ထဲမှာလည်း Laptop အိတ်တစ်လုံး ၊ ပိုက်ဆံအိတ်ကလည်းလွယ်ထားရတော့  မနိုင်မနင်းနဲ့ပေါ့။
မျှော်လင့်ခြင်းများစွာနဲ့ပဲ အသက် ၁၅/၁၆/၁၇ လောက် ရှိမယ့် ကောင်လေးငယ်ငယ်ချောချောလေးတစ်ယောက်နားမှာ ခပ်တည်တည်နဲ့သွားရပ်လိုက်တယ်။
အိတ်လေးတွေများကိုင်ပေးလေမလား။
စေတနာတွေပိုရင် ထိုင်ရာကများထပေးမလားပေါ့။

တစ်မှတ်တိုင်ကျော်သွားတယ်  ကောင်လေးကမသိဘူး။
နှစ်မှတ်တိုင်   ထိုင်နေတုန်းပဲ။
သုံးမှတ်တိုင်   ၊ သတိထားမိအောင် Laptop အိတ်လေးကိုလက်ပြောင်းကိုင်လိုက်တယ် ၊ မောင်မင်းကြီးသားကဖုန်းတောင်ထုတ်ပြီး Game ဆော့နေလိိုက်သေးတယ်။
လေးမှတ်တိုင် ကာလနာ မြွေပွေးကိုက်ကစလို့ စိတ်ထဲမှာ တတ်သမျှမှတ်သမျှ နည်းပေါင်းစုံနဲ့ကို မေတ္တာပို့မိသွားတယ်။
မေတ္တာပို့မိပြီးတာနဲ့ ချက်ချင်းဆိုသလိုကို ကိုယ့်စိတ်ကိုယ်ကို ပြန်ဆန်းစစ်မိသွားတယ်။
"အော် ငါ မတော်လောဘတွေတက်နေမိပါလား ။ အတ္တတွေကြီးနေမိပါလား"ပေါ့။
တစ်လက်စထဲမှာ ဘာကိုသွားသတိရလဲဆိုတော့
"အမျိုးသမီး အခွင့်အရေး"
"အမျိုးသားများနဲ့တန်းတူရပ်တည်နိုူင်ရေ။"စတဲ့ စကားလုံးတွေတစ်လုံးချင်းတစ်လုံးချင်းက ခေါင်းထဲမှာတွေးစရာတွေတစ်ခုပြီးတစ်ခုကိုဖန်တီးလိုက်တော့တာ။
ပွဲတွေမှာပြောစရာကြုံရင် ကိုယ်တိုင်ဆရာမကြီးစတိုင်နဲ့လူရှေ့ထွက်ပြီး (တစ်ခါတစ်လေစင်ပေါ်မှာ) အကြီးအကျယ် ဆွေးနွေးပေးခဲ့ရတဲ့ စကားလုံးတွေလေ။

ဟုတ်ပါတယ်။
အမျိုးသမီးများအနေနဲ့

 လုပ်ငန်းခွင်နဲ့ နေ့စဉ်လူနေမှုူဘဝမှာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးတွေတောင်းဆိုမယ်ဆိုရင်
ဘစ်ကားပေါ်မှာ ကိုယ့် အထုတ်ကိုယ်နိုင်အောင်သယ်ရမယ်ဆိုတဲ့ တာဝန်ကိုလည်းယောက်ကျားများနဲ့တန်းတူထမ်းဆောင်ရမှာပါ။
နေရာလေးများထပေးလေးမလားဆိုတဲ့ မျှော်လင့်ချက်တွေကို ဘေးဖယ်ထားပြီး ယောကျားများနဲ့တန်းတူ မတ်တပ်
ရပ်ပြီး ဘစ်ကားစီးနိုင်ရမှာပါ။

နေရာတကာမှာ သူကတော့ ယောက်ကျားဖြစ်လို့တာဝန်ယူရမှာပေါ့ဆိုရင် အခွင့်အရေးတွေလည်းသူတို့ပဲရသွားပါလိမ့်မယ်။

ဘစ်ကားပေါ်ကဆင်းတော့ စာကြောင်းလေးတစ်ကြောင်းတွေးမိပြီးပြံုးမိသေးတယ်။

"အခွင့်အရေးလိုချင်ရင် တာဝန်ယူပါ"

ဒါနဲ့စကားမစပ် အခုခေတ်မှာမိန်းမတွေက အိမ်ထောင့်စီင်္းပွားရေးကိုလည်းတစ်ဖက်တစ်လမ်းက တာဝန်ယူနေကြပြီဖြစ်လို့ ယောက်ကျားတွေလည်း အိမ်မှူကိစ္စတွေကိုတော့ဝိုင်းကူစေချင်တယ်ကွယ်လို့ ။
တန်းတူညီတူ။
"မောင်တစ်ထမ်း မယ်တစ်ရွက်" ပေါ့။

#NOe

CONVERSATION

0 comments:

Post a Comment

Back
to top