"လဲေနသူထူေပးပါ။
အားငယ္သူအားေပးပါ။"
သိပ္ကို လိုက္နာခ်င္ဖြယ္ ၊ ႏွစ္လိုဖြယ္ေကာင္းတဲ႕ စာသားေလးေတြပါ။
"လဲေနသူ ထူေပးပါ ။"
သူတို႕ကို သနားေနရံု နဲ႕မၿပီးဘုူး ။သူတို႕ၿပန္လည္ မတ္မတ္ရပ္နိုင္လာေအာင္ တတ္နိုင္တဲ႕ဖက္က ကူညီေပးၾကပါ ။
"အားငယ္သူအားေပးပါ။"
အားေပးခိုင္းတာပါ။
အားကိုးရွာခိုင္းတာ/ ရွာေပးတာ (လံုး၀)လံုး၀ မဟုတ္ပါဘူး။
သူငယ္တန္းတုန္းကသင္ခဲ႕ရတဲ႕ စာသားေလးေတြမို႕လားမသိပါဘူး။
နိုးတို႕ေတြ အားလံုး ဒီလိုစိတ္ဓာတ္ေလးေတြထားဖို႕ ေမ႕ေလ်ာ႕ေနခဲ႕ၾကတာ ေတာ္ေတာ္ေတာင္ၾကာပါေပါ႔လား။
နိုးတို႕ၿမန္မာေတြကေလ
လဲေနသူေတြ႕ရင္ သနားတာနဲ႕ပဲၿပီးသြားၾကတယ္။
အားငယ္သူေတြ႕ရင္ သူတို႕ေတြ စိတ္ဓာတ္ခြန္အားေတြရွိလာေအာင္ အားေပးမယ္႕အစား သူတစ္ပါးကို အားကိုးတတ္လာေအာင္ပဲ သင္ေပးတတ္ၾကတယ္။
မိမိထက္ ေငြေၾကး ၊ ပညာအရည္အခ်င္း ၊ အဆင္႕အတန္း နိမ္႔ပါးတဲ႕သူေတြေတြ႕ရင္
နွိမ္ခ်င္ၾကတဲ႕စိတ္ ၊ အဖက္မလုပ္ခ်င္တဲ႕ စိတ္ ၊ ကိုယ္႕ ကိုယ္ကို အထင္ၾကီးၿပီး ဘ၀င္ၿမင္႕သြားတတ္တဲ႕ စိတ္ေတြကို နိုးတို႕ ၿမန္မာေတြ သနားတယ္ဆိုတဲ႕ မ်က္ႏွာဖံုးေလးတပ္ၿပီးေနလာခဲ႕ၾကတာလည္း ေတာ္ေတ္ာၾကာခဲ႕ၾကပါၿပီ။
နိုးတို႕ရဲ႕အမိ ၿမန္မာနိုင္ငံေတာ္ၾကီးမွာေလ
တစ္ရက္တစ္ရက္ကို ေနဒဏ္ ၊ မိုး ဒဏ္ခံၿပီး ၀မ္းေရးအတြက္ ရုန္းကန္ေနၾကရတဲ႕ လက္လုပ္လက္စားလူတန္းစားတစ္ရပ္ရွိပါတယ္။
သူတို႕ေတြဟာ
လမ္းလုပ္သား
ပန္းရံလုပ္သား
ဆိုက္ကားသမား
စပယ္ယာ
ေရသန္႕သမား
ေခါင္းရြက္ဗ်က္ထိုးသည္ စသၿဖင္႕ ေခါင္းစဥ္ေအာက္မွာ ငတ္တစ္ခါ ၿပတ္တစ္လွည္႔နဲ႕ ပင္ပန္းဆင္းရဲၾကီးစြာ နိစၥဒူ၀ လုပ္ရွားေနၾကရပါတယ္။
သူတို႕ေတာ္ေတာ္မ်ားမ်ားဟာ
ေမွ်ာ္လင္႕ခ်က္ေတြမဲ႕ေနၾကတယ္။
အနာဂတ္ေပ်ာက္ေနၾကတယ္။
စိန္စီ ေသာ အိမ္မက္ေတြနဲ႕ ေ၀းေနၾကတယ္။
မိမိကိုယ္ကုိ ယံုၾကည္မွဳေတြ ကင္းမဲ႕ေနၾကတယ္။
နိုးတို႕ေတြကေရာ????????
သူတို႕ေတြ ပင္ပန္းတာကိုေတြ႕ရင္ သနားၾကပါတယ္။
စိတ္မေကာင္းၿဖစ္ၾကတယ္။
ဒါေပမယ္႕
ၾကမ္းတမ္းလွတဲ႕ သူတို႕ ပံုပန္းေတြကို ေၾကာက္ၾကတယ္။
ဆင္းရဲလွတဲ႕ သူတို႕ေတြကို "မရွိ ခိုးနိုး" ဆိုၿပီး သံသယေတြထားၾကတယ္။
ပိုက္ဆံရရင္ မေကာင္းတာမွန္သမွ်လုပ္မယ္႕ လူယုတ္မာေတြအၿဖစ္ ရုပ္ရွင္ေတြ ၊ ၀တၳဳေတြ မွာ ပံုေဖာ္ၾကတယ္။
ပညာမဲ႕ရတဲ႕ အထဲ အဆင္မေၿပလွတဲ႕ဘ၀ၾကမ္းေၾကာင္႕ ရုတ္ရင္းလာတဲ႕ သူတို႕ အၿ႔ပဳအမူေတြကို စက္ဆုပ္ၾကတယ္။
သူတို႕ေတြနဲ႕ မိတ္ေဆြ အေပါင္းအသင္းၿဖစ္ရမွာကို ရွက္ရြံ႕ၾကတယ္။
ယုတ္စြဆံုး လမ္းမွာသြားရင္း မ်က္လံုးခ်င္းဆံုခဲ႕ရင္ေတာင္ ႏွစ္ႏွစ္ကာကာ ၿပံဳးၿပရမွာ၀န္ေလးၾကတယ္။
သူတို႕ဟာ
နိုးတို႕ ရဲ႕ ပတ္၀န္းက်င္မွာ နိုးတို႕လုိပဲ စား၀တ္ေနေရးအတြက္ ၾကိဳးစားေနၾကရသူေတြပါ။
သူတို႕မွာ မိသားစုေလးေတြရွိတယ္။
သူတို႕မွာ ခံစားတတ္တဲ႕ ႏွလံုးသားေတြရွိတယ္။
(အမ်ားၾကီးမဟုတ္ရင္ေတာင္) ေတြးေတာတတ္တဲ႕ ဦးေႏွာက္ေလးေတြရွိတယ္။
သူတို႕မွာလည္း ဘ၀ေတြရွိပါတယ္။
သူတို႕ဟာ နိုးတို႕ လိုပဲ လူေတြပါ။
လုူလူခ်င္းအတူတူကို "မင္းတို႕ ကေတာ႕ ကြာ ဆုိက္ကားသမား / ပန္းရံသမား / စပယ္ယာေတြပါ။အဆင္႕ရွိတဲ႕ ေကာင္ေတြမဟုတ္ဘူး။ဘယ္ေတာ႕မွလည္း လူေမႊးေၿပာင္မွာ မဟုတ္ပါဘူး" ဆိုၿပီး ႏွိမ္ထားမယ္႕ အစား
"အခုခ်ိန္မွာ ဒီလို အေၿခအေနမ်ိဳးေရာက္ေနတယ္ဆိုေပမယ္႕
တကယ္ၾကိဳးစားၾကမယ္ဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ ဒီ႕ထက္ၿမင္႔မားတဲ႕ ဘ၀ေတြကို ပိုင္ဆိုင္နိုင္မယ္ "ဆိုၿပီး
စိတ္ဓာတ္ခြန္အားေလးေတြၿဖစ္ေအာင္ အားေပးၾကသင္႔ပါတယ္။
ဒီလိုအားေပးၿခင္းဟာ သူတို႕အတြက္
ဘ၀မွာ ေမွ်ာ္လင္႔ခ်က္ေတြကိုၿပန္လည္ရွင္သန္လာနိုင္ပါတယ္။
ေပ်ာက္ဆံုးေနတဲ႕ အနာဂတ္ေတြကိုၿပန္လည္ေတြ႔ရွိေစနိုင္ပါတယ္။
ဆင္းရဲတြင္းဆိုတဲ႕ အိမ္မက္ဆိုးေတြကေန နိုးထေစနိုင္ပါတယ္။
သိမ္ငယ္စိတ္ေတြမရွိေတာ႕ဘဲ ယံုၾကည္ခ်က္ေတြနဲ႕ ၾကိဳးစားရင္ သူတို႕ဘ၀ေတြ မတိုးတက္သြားနိုင္ဘူးလို႕ ဘယ္သူၿငင္းရဲမွာလဲ။
သူတို႕တိုးတက္သြားတာဟာ နိုးတို႕ လူ႕အသိုင္း၀ိုင္းတိုးတက္တာပါပဲ။
နိုးတို႕လူ႕အသိုင္း၀ိုင္းတိုးတက္တာဟာ နိုးတို႕တိုးတက္တာနဲ႕အတူတူပါပဲ။
"နိုးတို႕နိုင္ငံမွာ အတိတ္ေတြဆိုးခဲ႕တာ လူၾကီးေတြရဲ႕ သမိုင္းပါ။
အနာဂတ္လွလွေတြကိုပိုင္ဆိုင္ရဖို႕ကေတာ႕ နိုးတို႕ေတြအားလံုးရဲ႕ လက္ရွိလုပ္ရပ္ေတြေပၚမွာ မူတည္သြားၿပီ"
ငါတို႕ကေတာ႕
အားအားယားယား
လဲေနသူလည္း မထူေပးနိုင္ဘူး။
အားငယ္သူလည္း အားမေပးနိုင္ဘူး။ ဆိုရင္လည္း။
လူၾကီးမင္းတို႕ ရဲ႕ ႏွစ္ႏွစ္ကာကာအၿပံဳးေလးေတြကိုေတာ႕ သူတို႕ေတြအတြက္ နိုး အလွဳခံပါတယ္။
"ၿမန္မာနိုင္ငံသားအခ်င္းခ်င္းအမ်က္အဤ တစ္ေစ႕မရွိ ။ ခ်စ္ေသာမ်က္စိၿဖင္႔ရွဳၾကေစ"
ခင္ၿမတ္နိုး
၂၅- ဇူလိုင္- ၂၀၁၅
"လဲနေသူထူပေးပါ။
အားငယ်သူအားပေးပါ။"
သိပ်ကို လိုက်နာချင်ဖွယ် ၊ နှစ်လိုဖွယ်ကောင်းတဲ့ စာသားလေးတွေပါ။
"လဲနေသူ ထူပေးပါ ။"
သူတို့ကို သနားနေရုံ နဲ့မပြီးဘုူး ။သူတို့ပြန်လည် မတ်မတ်ရပ်နိုင်လာအောင် တတ်နိုင်တဲ့ဖက်က ကူညီပေးကြပါ ။
"အားငယ်သူအားပေးပါ။"
အားပေးခိုင်းတာပါ။
အားကိုးရှာခိုင်းတာ/ ရှာပေးတာ (လုံးဝ)လုံးဝ မဟုတ်ပါဘူး။
သူငယ်တန်းတုန်းကသင်ခဲ့ရတဲ့ စာသားလေးတွေမို့လားမသိပါဘူး။
နိုးတို့တွေ အားလုံး ဒီလိုစိတ်ဓာတ်လေးတွေထားဖို့ မေ့လျော့နေခဲ့ကြတာ တော်တော်တောင်ကြာပါပေါ့လား။
နိုးတို့မြန်မာတွေကလေ
လဲနေသူတွေ့ရင် သနားတာနဲ့ပဲပြီးသွားကြတယ်။
အားငယ်သူတွေ့ရင် သူတို့တွေ စိတ်ဓာတ်ခွန်အားတွေရှိလာအောင် အားပေးမယ့်အစား သူတစ်ပါးကို အားကိုးတတ်လာအောင်ပဲ သင်ပေးတတ်ကြတယ်။
မိမိထက် ငွေကြေး ၊ ပညာအရည်အချင်း ၊ အဆင့်အတန်း နိမ့်ပါးတဲ့သူတွေတွေ့ရင်
နှိမ်ချင်ကြတဲ့စိတ် ၊ အဖက်မလုပ်ချင်တဲ့ စိတ် ၊ ကိုယ့် ကိုယ်ကို အထင်ကြီးပြီး ဘဝင်မြင့်သွားတတ်တဲ့ စိတ်တွေကို နိုးတို့ မြန်မာတွေ သနားတယ်ဆိုတဲ့ မျက်နှာဖုံးလေးတပ်ပြီးနေလာခဲ့ကြတာလည်း တော်တေ်ာကြာခဲ့ကြပါပြီ။
နိုးတို့ရဲ့အမိ မြန်မာနိုင်ငံတော်ကြီးမှာလေ
တစ်ရက်တစ်ရက်ကို နေဒဏ် ၊ မိုး ဒဏ်ခံပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စားလူတန်းစားတစ်ရပ်ရှိပါတယ်။
သူတို့တွေဟာ
လမ်းလုပ်သား
ပန်းရံလုပ်သား
ဆိုက်ကားသမား
စပယ်ယာ
ရေသန့်သမား
ခေါင်းရွက်ဗျက်ထိုးသည် စသဖြင့် ခေါင်းစဉ်အောက်မှာ ငတ်တစ်ခါ ပြတ်တစ်လှည့်နဲ့ ပင်ပန်းဆင်းရဲကြီးစွာ နိစ္စဒူဝ လုပ်ရှားနေကြရပါတယ်။
သူတို့တော်တော်များများဟာ
မျှော်လင့်ချက်တွေမဲ့နေကြတယ်။
အနာဂတ်ပျောက်နေကြတယ်။
စိန်စီ သော အိမ်မက်တွေနဲ့ ဝေးနေကြတယ်။
မိမိကိုယ်ကို ယုံကြည်မှုတွေ ကင်းမဲ့နေကြတယ်။
နိုးတို့တွေကရော????????
သူတို့တွေ ပင်ပန်းတာကိုတွေ့ရင် သနားကြပါတယ်။
စိတ်မကောင်းဖြစ်ကြတယ်။
ဒါပေမယ့်
ကြမ်းတမ်းလှတဲ့ သူတို့ ပုံပန်းတွေကို ကြောက်ကြတယ်။
ဆင်းရဲလှတဲ့ သူတို့တွေကို "မရှိ ခိုးနိုး" ဆိုပြီး သံသယတွေထားကြတယ်။
ပိုက်ဆံရရင် မကောင်းတာမှန်သမျှလုပ်မယ့် လူယုတ်မာတွေအဖြစ် ရုပ်ရှင်တွေ ၊ ၀တ္ထုတွေ မှာ ပုံဖော်ကြတယ်။
ပညာမဲ့ရတဲ့ အထဲ အဆင်မပြေလှတဲ့ဘဝကြမ်းကြောင့် ရုတ်ရင်းလာတဲ့ သူတို့ အြ့ပုအမူတွေကို စက်ဆုပ်ကြတယ်။
သူတို့တွေနဲ့ မိတ်ဆွေ အပေါင်းအသင်းဖြစ်ရမှာကို ရှက်ရွံ့ကြတယ်။
ယုတ်စွဆုံး လမ်းမှာသွားရင်း မျက်လုံးချင်းဆုံခဲ့ရင်တောင် နှစ်နှစ်ကာကာ ပြုံးပြရမှာဝန်လေးကြတယ်။
သူတို့ဟာ
နိုးတို့ ရဲ့ ပတ်ဝန်းကျင်မှာ နိုးတို့လိုပဲ စားဝတ်နေရေးအတွက် ကြိုးစားနေကြရသူတွေပါ။
သူတို့မှာ မိသားစုလေးတွေရှိတယ်။
သူတို့မှာ ခံစားတတ်တဲ့ နှလုံးသားတွေရှိတယ်။
(အများကြီးမဟုတ်ရင်တောင်) တွေးတောတတ်တဲ့ ဦးနှောက်လေးတွေရှိတယ်။
သူတို့မှာလည်း ဘဝတွေရှိပါတယ်။
သူတို့ဟာ နိုးတို့ လိုပဲ လူတွေပါ။
လုူလူချင်းအတူတူကို "မင်းတို့ ကတော့ ကွာ ဆိုက်ကားသမား / ပန်းရံသမား / စပယ်ယာတွေပါ။အဆင့်ရှိတဲ့ ကောင်တွေမဟုတ်ဘူး။ဘယ်တော့မှလည်း လူမွှေးပြောင်မှာ မဟုတ်ပါဘူး" ဆိုပြီး နှိမ်ထားမယ့် အစား
"အခုချိန်မှာ ဒီလို အခြေအနေမျိုးရောက်နေတယ်ဆိုပေမယ့်
တကယ်ကြိုးစားကြမယ်ဆိုရင် တစ်ချိန်ချိန်မှာ ဒီ့ထက်မြင့်မားတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မယ် "ဆိုပြီး
စိတ်ဓာတ်ခွန်အားလေးတွေဖြစ်အောင် အားပေးကြသင့်ပါတယ်။
ဒီလိုအားပေးခြင်းဟာ သူတို့အတွက်
ဘဝမှာ မျှော်လင့်ချက်တွေကိုပြန်လည်ရှင်သန်လာနိုင်ပါတယ်။
ပျောက်ဆုံးနေတဲ့ အနာဂတ်တွေကိုပြန်လည်တွေ့ရှိစေနိုင်ပါတယ်။
ဆင်းရဲတွင်းဆိုတဲ့ အိမ်မက်ဆိုးတွေကနေ နိုးထစေနိုင်ပါတယ်။
သိမ်ငယ်စိတ်တွေမရှိတော့ဘဲ ယုံကြည်ချက်တွေနဲ့ ကြိုးစားရင် သူတို့ဘဝတွေ မတိုးတက်သွားနိုင်ဘူးလို့ ဘယ်သူငြင်းရဲမှာလဲ။
သူတို့တိုးတက်သွားတာဟာ နိုးတို့ လူ့အသိုင်းဝိုင်းတိုးတက်တာပါပဲ။
နိုးတို့လူ့အသိုင်းဝိုင်းတိုးတက်တာဟာ နိုးတို့တိုးတက်တာနဲ့အတူတူပါပဲ။
"နိုးတို့နိုင်ငံမှာ အတိတ်တွေဆိုးခဲ့တာ လူကြီးတွေရဲ့ သမိုင်းပါ။
အနာဂတ်လှလှတွေကိုပိုင်ဆိုင်ရဖို့ကတော့ နိုးတို့တွေအားလုံးရဲ့ လက်ရှိလုပ်ရပ်တွေပေါ်မှာ မူတည်သွားပြီ"
ငါတို့ကတော့
အားအားယားယား
လဲနေသူလည်း မထူပေးနိုင်ဘူး။
အားငယ်သူလည်း အားမပေးနိုင်ဘူး။ ဆိုရင်လည်း။
လူကြီးမင်းတို့ ရဲ့ နှစ်နှစ်ကာကာအပြံုးလေးတွေကိုတော့ သူတို့တွေအတွက် နိုး အလှုခံပါတယ်။
"မြန်မာနိုင်ငံသားအချင်းချင်းအမျက်အဤ တစ်စေ့မရှိ ။ ချစ်သောမျက်စိဖြင့်ရှုကြစေ"
ခင်မြတ်နိုး
၂၅- ဇူလိုင်- ၂၀၁၅
0 comments:
Post a Comment