နိုး ငယ္ငယ္တုန္းကေပါ႔ဗ်ာ။(၁) /နိုး ငယ်ငယ်တုန်းကပေါ့ဗျာ။(၁)

<Zawgyi>
ေၿပာရရင္ေတာ႕ ဇာတ္လမ္းတစ္ပုဒ္ဗ်။
က်ဳပ္ကိုေမြးေတာ႕  နယ္မွာေမြးတာ။
စစ္ေတြကေနဆိုရင္ ကားနဲ႕ ၂ နာရီေလာက္သြားရတဲ႕ ပုဏၰားကြ်န္းဆိုတဲ႕ ၿမိဳ႕ေလးေပါ႔။
က်ဳပ္အသက္ (၂) ႏွစ္ ခြဲ အရြယ္မွာ က်ဳပ္အေမရဲ႕"ပိုေကာင္းတဲ႕ ပညာေရးအတြက္"ဆိုတဲ႕ အေၾကာင္းၿပခ်က္နဲ႕
တစ္မိသားစုလံုး ရန္ကုန္ေၿပာင္းလာခဲ႕ရတယ္။
ရန္ကုန္ေရာက္ေတာ႕ ၾကည္႕ၿမင္တိုင္က ထီးတန္းလမ္းမွာ ေနတယ္။
ရန္ကုန္ေရာက္ေတာ႕ က်ဳပ္ကိုထိန္းတာ ဦးေလးအရင္းေတြေရာ ၊ အဖ်ားေတြေရာ
 ၁၀ ေယာက္ေက်ာ္ေလာက္ရွိတယ္။
သူတို႕ က အဲဒီတုန္းက အသက္ ၂၀ ေက်ာ္ လူပ်ိဳေလးေတြခ်ည္းပဲ။
သူတို႕ ကေက်ာင္းတက္တဲ႕ သူက တက္။ အလုပ္လုပ္တဲ႕ သူကလုပ္နဲ႕ ၿပန္လာရင္ေတာ႕
အားလံုးစုၿပီး ဂိမ္းေဆာ႕ၾကတယ္။
အဲ႕တုန္းက အိမ္မွာ Family Game စက္တစ္လံုးရွိတာကိုး။
အဲဒီမွ ဇာတ္လမ္းကစေတာ႕တာပဲ။
သူတို႕ နဲ႕ ေနရင္း  ၂ ႏွစ္ခြဲသား ငနိုး Game စ စြဲေတာ႕တာပဲ။
ညဘက္ဆို သူတို႕အလွည္႕က် ေဆာ႕တာ ထိုင္ၾကည္႕။တစ္ခါတစ္ေလ ဂ်ီက်ၿပီး ဝင္ေဆာ႕။
ေန႔လည္ဆိုရင္ေတာ႕ ငနိုး တစ္ကိုယ္ေတာ္  Game Show။

ဒီလိုနဲ႕  တစ္လေလာက္ေနေတာ႕ပ်င္းလာတာနဲ႕
အေမ႔ကို အတင္းပူဆာၿပီး မူၾကိဳလိုက္အပ္ခိုင္းတာ
မူၾကိဳ ေက်ာင္းသား ငနိုး ၿဖစ္သြားပါေလေရာ။

ၾကည္႕ၿမင္တိုင္ အိမ္က က်ဥ္းၿပီး ေႏြရာသီဆို အရမ္းပူေတာ႕
က်ဳပ္ သူငယ္တန္းမတက္ခင္ ေတာင္ဒဂံုကိုေၿပာင္းတယ္။
ေတာင္ဒဂံု အိမ္က ၂ ထပ္ဆိုေတာ႕
အေပၚထပ္မွာ တၿခားသူေတြ TV ၾကည္႔ရင္
က်ဳပ္က ေအာက္ထပ္မွာ Black and White TV ေလးနဲ႕ Game ေဆာ႕တယ္။
အံမယ္ ။
Game ေဆာ႕ေနတာပဲဆိုၿပီး အထင္မေသးနဲ႕ေနာ္။
သူငယ္တန္းကတည္းက Top  1 to  3 က မဆင္းတာ။
က်ဳပ္မွာ ေကာင္းတဲ႕ အက်င္႕ေလးတစ္ခုက
ဘယ္ေလာက္ပဲ ေပေပေတေတေန
အခ်ိန္တန္ရင္ ကိုယ္႕စာကိုယ္လုပ္တယ္။
ေက်ာင္း  / က်ဴရွင္ ဘယ္ေတာ႕မွ မေၿပးဘူး။

ေတာင္ဒဂံုမွာ ၂ တန္းေအာင္ေတာ႕
၃ တန္းမတက္ခင္ တာေမြကိုေၿပာင္းတယ္။
ေႏြရာသီေက်ာင္းပိတ္ရက္မွာ
Summer English School တက္ရတယ္။
ပန္းခ်ီသင္ရတယ္။
ၿမန္မာ အဆို ၊ အက ၊ အတီး သင္ရတယ္။
ကာတြန္းစာအုပ္ကစလို႕
ဝတၳဳစာအုပ္အလယ္
ရာဇဝင္သမိုင္းအဆံုး စာအုပ္ေတြလိုက္ဖတ္ရတယ္။
လာမယ္႕ စာသင္ႏွစ္အတြက္ က်ဴရွင္ၾကိဳတက္ရတယ္။

ဒီၾကားထဲက အခ်ိန္ရရင္ ရသလို Game ေဆာ႕တယ္။

ဒီလိုနဲ႕ပဲ က်ဳပ္ ဆယ္တန္းေအာင္ပါေရာလား။

(အခ်ိန္ရရင္ ဆက္ေရးပါဦးမည္။)

#NOe

<Unicode>
ပြောရရင်တော့ ဇာတ်လမ်းတစ်ပုဒ်ဗျ။
ကျုပ်ကိုမွေးတော့  နယ်မှာမွေးတာ။ 
စစ်တွေကနေဆိုရင် ကားနဲ့ ၂ နာရီလောက်သွားရတဲ့ ပုဏ္ဏားကျွန်းဆိုတဲ့ မြို့လေးပေါ့။
ကျုပ်အသက် (၂) နှစ် ခွဲ အရွယ်မှာ ကျုပ်အမေရဲ့"ပိုကောင်းတဲ့ ပညာရေးအတွက်"ဆိုတဲ့ အကြောင်းပြချက်နဲ့ 
တစ်မိသားစုလုံး ရန်ကုန်ပြောင်းလာခဲ့ရတယ်။
ရန်ကုန်ရောက်တော့ ကြည့်မြင်တိုင်က ထီးတန်းလမ်းမှာ နေတယ်။
ရန်ကုန်ရောက်တော့ ကျုပ်ကိုထိန်းတာ ဦးလေးအရင်းတွေရော ၊ အဖျားတွေရော 
 ၁၀ ယောက်ကျော်လောက်ရှိတယ်။
သူတို့ က အဲဒီတုန်းက အသက် ၂၀ ကျော် လူပျိုလေးတွေချည်းပဲ။
သူတို့ ကကျောင်းတက်တဲ့ သူက တက်။ အလုပ်လုပ်တဲ့ သူကလုပ်နဲ့ ပြန်လာရင်တော့ 
အားလုံးစုပြီး ဂိမ်းဆော့ကြတယ်။
အဲ့တုန်းက အိမ်မှာ Family Game စက်တစ်လုံးရှိတာကိုး။
အဲဒီမှ ဇာတ်လမ်းကစတော့တာပဲ။
သူတို့ နဲ့ နေရင်း  ၂ နှစ်ခွဲသား ငနိုး Game စ စွဲတော့တာပဲ။
ညဘက်ဆို သူတို့အလှည့်ကျ ဆော့တာ ထိုင်ကြည့်။တစ်ခါတစ်လေ ဂျီကျပြီး ဝင်ဆော့။
နေ့လည်ဆိုရင်တော့ ငနိုး တစ်ကိုယ်တော်  Game Show။

ဒီလိုနဲ့  တစ်လလောက်နေတော့ပျင်းလာတာနဲ့ 
အမေ့ကို အတင်းပူဆာပြီး မူကြိုလိုက်အပ်ခိုင်းတာ
မူကြို ကျောင်းသား ငနိုး ဖြစ်သွားပါလေရော။

ကြည့်မြင်တိုင် အိမ်က ကျဉ်းပြီး နွေရာသီဆို အရမ်းပူတော့ 
ကျုပ် သူငယ်တန်းမတက်ခင် တောင်ဒဂုံကိုပြောင်းတယ်။
တောင်ဒဂုံ အိမ်က ၂ ထပ်ဆိုတော့
အပေါ်ထပ်မှာ တခြားသူတွေ TV ကြည့်ရင်
ကျုပ်က အောက်ထပ်မှာ Black and White TV လေးနဲ့ Game ဆော့တယ်။
အံမယ် ။
Game ဆော့နေတာပဲဆိုပြီး အထင်မသေးနဲ့နော်။
သူငယ်တန်းကတည်းက Top  1 to  3 က မဆင်းတာ။
ကျုပ်မှာ ကောင်းတဲ့ အကျင့်လေးတစ်ခုက 
ဘယ်လောက်ပဲ ပေပေတေတေနေ
အချိန်တန်ရင် ကိုယ့်စာကိုယ်လုပ်တယ်။
ကျောင်း  / ကျူရှင် ဘယ်တော့မှ မပြေးဘူး။

တောင်ဒဂုံမှာ ၂ တန်းအောင်တော့ 
၃ တန်းမတက်ခင် တာမွေကိုပြောင်းတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ
Summer English School တက်ရတယ်။
ပန်းချီသင်ရတယ်။
မြန်မာ အဆို ၊ အက ၊ အတီး သင်ရတယ်။
ကာတွန်းစာအုပ်ကစလို့ 
ဝတ္ထုစာအုပ်အလယ်
ရာဇဝင်သမိုင်းအဆုံး စာအုပ်တွေလိုက်ဖတ်ရတယ်။
လာမယ့် စာသင်နှစ်အတွက် ကျူရှင်ကြိုတက်ရတယ်။

ဒီကြားထဲက အချိန်ရရင် ရသလို Game ဆော့တယ်။

ဒီလိုနဲ့ပဲ ကျုပ် ဆယ်တန်းအောင်ပါရောလား။

(အချိန်ရရင် ဆက်ရေးပါဦးမည်။)

#NOe

CONVERSATION

0 comments:

Post a Comment

Back
to top